ကျန်းမာခြင်းသည်လာဘ်တစ်ပါးဆိုတဲ့ဆိုရိုးစကားအတိုင်း ကျန်းမာရေးစစ် ဆေးခြင်းဖြင့် သင်တို့၏ ကုသမှုတွက်လိုအပ်သောကုန်ကျ စရိတ်များကိုအဆ ပေါင်းများစွာ သက်သာစေနိုင်ပါတယ်။

✅ ကာကွယ်ခြင်းသည်ကုသခြင်းထက် ပိုပြီးကောင်းမွန်ပါတယ်။ ✅

ဒါကြောင့် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးခြင်းကိုမဖြစ်မနေပြုလုပ်သင့်ပါတယ်နော်။💯💯💯

ကျန်းမာရေး ဆေးစစ်မှုပြုလုပ်ခြင်းကြောင့်

သင်နှင့် သင့်မိသားစုအတွက် ကျန်းမာပြီးပျော်ရွှင်တဲ့ လူနေမှုဘဝကိုလည်းရရှိနိုင် မှာ လည်းဖြစ်ပါတယ်ရှင်။

  • 📌ယနေ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၉) 📌ရက်နေ့သည်

🫀 ကမ္ဘာ့နှလုံးကျန်းမာရေးနေ့(𝗪𝗼𝗿𝗹𝗱 𝗛𝗲𝗮𝗿𝘁 𝗗𝗮𝘆)ဖြစ်ပါသည်။ 🫀

နှလုံးရောဂါအား မဖြစ်ပွါးခင် ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများကိုဖော်ပြပေးလိုက်ပါတယ်ရှင်။

❣ သွေးပေါင်ချိန်မတက်စေရန် ဂရုစိုက်ခြင်း

❣ ကိုလက်စထရော (Cholesterol) ပမာဏကို ထိန်းသိမ်းခြင်း

❣ ဆီးချို၊ သွေးချိုရောဂါ မဖြစ်စေရန်အထူးဂရုစိုက်ခြင်း

❣ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများအား စားသုံးပြီးကိုယ်အလေးချိန်ထိန်းခြင်း

❣ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း

❣ ဆေးလိပ်၊ အရက်သောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်း

❣ စိတ်ဖိစီးမှုများခြင်းကို လျှော့ချခြင်း

❣ အိပ်ချိန်လုံလောက်စွာရရှိစေခြင်းတို့ပဲဖြစ်ပါတယ်။

📌နှလုံးရောဂါအားကြိုတင်ကာကွယ်နိုင်ရန်အတွက် ပုံမှန်ကျန်းမာရေး စစ်ဆေးခြင်းကိုလည်း မဖြစ်မ​နေ လုပ်ဆောင်ပေးရန်လိုအပ်ပါတယ်ရှင်။📌