We Care For Everyone. Expert by Experience.

အစားအသောက်နှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုဆိုင်ရာ ဝန်ဆောင်မှု

မြန်မာနိုင်ငံတွင် အာဟာရမပြည့်ဝမှုကြောင့် လူကြီး နှင့် ကလေးငယ်များတွင် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုချို့တဲ့ခြင်းများ ဖြစ်ပေါ်နေပါသည်။ ထို့သို့အာဟာရမပြည့်ဝမှု၏ အရင်းအမြစ်အားရှာဖွေမှုနှင့် ကုသမှုအား စောလျင်စွာ ပြုလုပ်ပါက နောက်ဆက်တွဲ အန္တာရယ်မဖြစ်အောင် ကာကွယ်နိုင်ပါသည်။

ပါရမီအထွေထွေရောဂါကုဆေးရုံကြီး၏ အစားအသောက်နှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးမှု ဆိုင်ရာပြင်ပ လူနာဌာနတွင် နည်းလမ်းများစွာ စစ်ဆေးမှုဖြင့် လူနာ၏ အစားအသောက် အလေ့အထအား ပြုပြင်ကုသပေးနေပါသည်။ ပညာရှင်များမှ တစ်ဦးချင်းဆီ လိုအပ်သော အာဟာရပမာဏ၊ အစားအသောက် အလေ့အထ များအပေါ်မူတည်ပြီး ကောင်းမွန်သော အာဟာရပြည့်ဝသော ဓာတ်ရရှိအောင် ဆွေးနွေးဆောင်ရွက်ပေးပါသည်။

ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ရင်သွေးမိခင်များအနေဖြင့် ကလေးနို့တိုက်ကျွေးခြင်း၊ အာဟာရဖြစ်အစားအသောက်များကျွေးခြင်းနှင့် မိခင်များအတွက် အာဟာရပြည့် အစားအသောက်ဆိုင်ရာများအား ဆွေးနွေးပေးပါသည်။

ဝန်ဆောင်မှုများ

  • မွေးကင်းစကလေးငယ်များမိခင်နို့တိုက်ကျွေးခြင်းအားဆွေးနွေးခြင်း
  • မိခင်များအတွက် မိမိ၏ရင်သွေး၊ ကလေးများအားအာဟာရပြည့်အစားအသောက်ကျွေးခြင်းဆိုင်ရာဆွေးနွေးခြင်း
  • ကျန်းမာသောအစားအသောက်များ စားသုံးရနနှင့် မည်သို့သော အလေ့အထပြုမူနေထိုင်မှုအားဆွေးနွေးခြင်း