We Care For Everyone. Expert by Experience.

သားဖွားမီးယပ်ဝန်ဆောင်မှု

သားဖွားခြင်းဆိုင်ရာ ပညာရပ်သည် မိခင်များအနေဖြင့် ကိုယ်ဝန်ဆောင်ကလေးမွေးဖွားခြင်းဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် ရုတ်တရက် (သို့) နာတာရှည်ရောဂါများကြောင့် ကိုယ်ဝန်ဆောင်စဉ်မိခင်၏ ကျန်းမာရေးအား အန္တရာယ် ဖြစ်စေတတ်ပါသည်။ ထို့ကြောင့် ပါရမီအထွေထွေရောဂါကုဆေးရုံကြီး၏ တတ်ကျွမ်းသော သားဖွားမီးယပ်ဆရာဝန်များမှ စောင့်ရှောက်မှုပေးနေပါသည်။

အမျိုးသမီးရောဂါဆိုသည်မှာ အမျိုးသမီးများတွင် ဖြစ်တတ်သည့် မျိုးပွားအင်္ဂါဆိုင်ရာ ကျန်းမာရေးနှင့် ပတ်သက်ပါသည်။  ဆီးချို နှင့် ဟော်မုန်းရောဂါများ၊ အမျိုးသမီးဆီးလမ်းကြောင်းနှင့် ကျောက်ကပ် ရောဂါများနှင့် တင်ပဆုံတွင် ကင်ဆာ အကျိတ်ရောဂါများ စသည်တို့ပါဝင်သည်။

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးတွင် ၂၄ နာရီ ကျွမ်းကျင်သော သားဖွားမီးယပ်အထူးကုဆရာဝန်များ ရှိသည့်အပြင် မိခင် နှင့် ကလေးမွေးဖွားခြင်းအတွက် သက်သာပြီး၊ ကောင်းမွန်သော ဝန်ဆောင်မှုများဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များအတွက် အထူးအစဉ်ရှိပါသည်။

ဝန်ဆောင်မှုများ

ကိုယ်ဝန်ဆောင်မိခင်များအတွက် အထူးအစဉ်

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးသည် မိခင်များအတွက် ကိုယ်ဝန်ဆောင်စဉ်ကာလမှ ကလေးမမွေးဖွားခင်၊ ကလေးမွေးဖွားပြီးနှင့် ကလေးအရွယ်ကြီးလာသည်အထိတာဝန်ယူ စောင့် ရှောက်ပေးလျက်ရှိပါသည်။ တတ်ကျွမ်းသော သားဖွားမီးယပ်အထူးကုများ၊ ကလေးအထူးကုဆရာဝန်များ၊ သူနာပြုများ၊ အာဟာရဗေဒပညာရှင်များ၊ နို့တိုက်ကျွေးမှုပညာရှင်များနှင့် အရိုးအကြော ပြန်လည်သန်စွမ်းပညာရှင်များမှ ပူးပေါင်း၍ မိခင်နှင့်ကလေးများအတွက် အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုအား ပေးနေပါသည်။

၂၀၁၁ ခုနှစ်တွင် ပါရမီအထွေထွေရောဂါကုဆေးရုံကြီးသည် သားဖွားမီးယပ်ဝန်ဆောင်မှုနှင့်အတူ နည်းပညာမြင့် လေးဖက်မြင် အာထရာဆောင်းနှင့် နှလုံးကြည့် ဓာတ်မှန်စက်များအားစတင်ခဲ့ပါသည်။ အများနှင့်မတူ ထူးခြားသော ဝန်ဆောင်မှုမှာ ပါရမီအထွေထွေရောဂါဆေးရုံကြီးသည် ကလေးအထူးကုဆေးရုံကြီးဖြစ်သည့်အတွက် ကလေးများအတွက် အထူးစိတ်ချရပြီး၊  ၂၄ နာရီ ကလေးအထူးကုဆရာဝန်ကြီးများ ရှိနေပါသည်။

  • ရိုးရိုးမွေးဖွားခြင်း – From 579,400 kyats 
  • ခွဲစိတ်မွေးဖွားခြင်း – From 944,560 kyats

For More Information, please kindly click here

ကိုယ်ဝန်ဆောင်မိခင်များအတွက် ကာကွယ်ဆေးထိုးခြင်း

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးတွင် မိခင်များအတွက် လိုအပ်သော ကာကွယ်ဆေးများအား ကိုယ်ဝန်မဆောင်မီ ၊ ကိုယ်ဝန်ဆောင်စဉ်နှင့် ကိုယ်ဝန်ဆောင်ပြီး ကာလများတွင် ထိုးထားခြင်းဖြင့် မိခင်၏ ကျန်းမာရေးနှင့် မိမိရင်သွေး၏ ကျန်းမာရေးအား ကာကွယ်စောင့်ရှောက်နိုင်ပါသည်။

ကိုယ်ဝန်မဆောင်မီ
  • ဝက်သက်၊ ပါးချိတ်ရောင်နာ ၊ ဂျာမန်ဝက်သက်ကာကွယ်ဆေး
  • အသည်းရောင်အသားဝါဘီ ကာကွယ်ဆေး

ဤကာကွယ်ဆေးထိုးထားခြင်းဖြင့် မိမိ၏ ရင်သွေးလေးအား မွေးရာပါချို့ယွင်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်သည့်အပြင် မွေးရာပါ အသည်းဝါ နှင့်နာတာရှည် ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။

ကိုယ်ဝန်ဆောင်စဉ်
  • တုပ်ကွေးကာကွယ်ဆေး
  • ဆုံဆို့နာ၊ မေးခိုင်ရောဂါ၊ ကြက်ညှာချောင်းဆိုးကာကွယ်ဆေး

ဤကာကွယ်ဆေးထိုးထားခြင်းဖြင့် စောစီးစွာ ကလေးမီးဖွားခြင်း၊ မိခင်နှင့်ကလေးဖျားနာခြင်း မဖြစ်အောင် ကာကွယ်ခြင်းအပြင် ကလေးငယ်များမှာ အသက်ရှုခက်ခဲပြီး၊ ပြင်းထန်သည့် ကြက်ညှာချောင်းဆိုးဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။

ကိုယ်ဝန်ဆောင်ပြီး
  • ဆုံဆို့နာ၊ မေးခိုင်ရောဂါ၊ ကြက်ညှာချောင်းဆိုးကာကွယ်ဆေး
  • ရေကျောက်ကာကွယ်ဆေး
  • ဝက်သက်၊ ပါးချိတ်ရောင်နာ ၊ ဂျာမန်ဝက်သက်ကာကွယ်ဆေး

ဤကာကွယ်ဆေးထိုးထားခြင်းဖြင့် မိခင်ဖျားနာခြင်း မဖြစ်အောင် ကာကွယ်ခြင်း အပြင် အသက်ရှုခက်ခဲပြီး၊ ပြင်းထန်သည့် ကြက်ညှာချောင်းဆိုးဖြစ်ခြင်းနှင့် ရေကျောက်ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။

သားအိမ်ကြည့်မှန်ပြောင်းဖြင့်စစ်ဆေးခြင်း

  • အသားပိုဖြတ်ထုတ်ခြင်း
  • သားအိမ်ရှိအသားလုံးခွဲထုတ်ခြင်း
  • သားအိမ်ခြစ်ခြင်းဖြင့်အသားစအားစစ်ဆေးခြင်း
  • သားအိမ်နံရံများ၊အသားများကပ်ခြင်း
  • သားအိမ်အတွင်း ပုံစံမူမမှန်ခြင်းအားခွဲခြင်း
  • သားအိမ်မှသွေးဆင်းများခြင်းအတွက် သားအိမ်နံရံအားခြစ်ခြင်း
  • သားအိမ်မှသန္ဒေတားပစ္စည်းထုတ်ခြင်း

မှန်ပြောင်းဖြင့် စစ်ဆေးခြင်း

  • သားအိမ်လမ်းကြောင်းမှသွေးဆင်းခြင်း
  • သားအိမ်အတွင်းနံရံဆဲလ်များကြီးလာပြီး၊ သားအိမ်အပြင်နှင့် မျိုးဥပြွန်များတွယ်ကပ်ခြင်း
  • သားအိမ်ထဲမှသွေးဥလုံးဖြစ်ခြင်း၊ သားဥအိမ်အတွင်းအရိုး၊သွားဆံပင်များစုဖွဲ့ရောက်နေခြင်း၊ သားဥအိမ်အရည်အိတ်များတည်ခြင်း
  • တင်ပါးဆုံရိုးကွင်းရောင်ရမ်းခြင်း
  • ပိုးဝင်ခြင်းကြောင့် တင်ပါးဆုံတွင်အသားScar Tissue များကပ်နေခြင်း
  • သားအိမ်အလုံးအကျိတ်၊ သားအိမ်နံရံများထူလာခြင်း၊ သားအိမ်နံရံတွင် ကင်ဆာအလုံးဖြစ်လာခြင်း
  • ဟော်မုန်းအပြောင်းအလဲကြောင့် သားဥအိမ်တွင်အရည်အိတ်ဖြစ်ခြင်း
  • သားဥပြွန်ပြင်ပ ကပ်နေခြင်းး
  • သားဥအိမ်တွင် အရည်အိတ်ဖြစ်ပေါ်လာခြင်း
  • သားဥပြွန်ပိတ်ခြင်းရောဂါများ
  • သားအိမ်ဥအလုံးတည်ခြင်း၊ သားအိမ်နံရံအလုံးတည်ခြင်းကြောင့် သားဥပြွန်ပိတ်ခြင်း
  • သားအိမ်ပြင်ပ သန္ဒေ တည်ခြင်း
  • ကလေးမရခြင်းဆိုင်ရာရောဂါများ

Our Doctors

A.P. Hla Thein Aye

M.B.,B.S, M.Med.Sc (OG), MRCOG (UK), FRCOG (UK)

OBGY Specialist

Make an Appointment

A.P. Mi Mi Shwe

M.B.,B.S, M.Med.Sc (OG), Dip.Med.Ed.

OBGY Specialist

Make an Appointment

Dr. Aye Aye Shwe

M.B.,B.S, M.Med.Sc (OG)

OBGY Specialist

Make an Appointment

Dr. Khin Lay

M.B.,B.S, M.Med.Sc (OG), Dr.Med.Sc (OG)

OBGY Specialist

Make an Appointment

Dr. Kyi May Htet

M.B.,B.S, M.Med.Sc (OG)

OBGY Specialist

Make an Appointment

Dr. Lei Lei Min

M.B.,B.S, M.Med.Sc (OG)

OBGY Specialist

Make an Appointment

Dr. May Thet Aung

M.B.,B.S, M.Med.Sc (OG), Dr.Med.Sc (OG)

OBGY Specialist

Make an Appointment

Dr. Naing Win

M.B.,B.S, M.Med.Sc (OG)

OBGY Specialist

Make an Appointment

Dr. Nu Nu Sein

M.B.,B.S, M.Med.Sc (OG)

OBGY Specialist

Make an Appointment

Dr. Phyu Phyu Han

M.B.,B.S, M.Med.Sc (OG), MRCOR (UK), DFFP (UK) Consultant OG (East YGN)

OBGY Specialist

Make an Appointment

Dr. Wai Phyo

M.B.,B.S, M.Med.Sc (OG), MRCOG (UK), Fellowship in Clinical Neurology (UM, Malaysia)

OBGY Specialist

Make an Appointment

Dr. Yu Yu Lwin

M.B.,B.S, M.Med.Sc (OG)

OBGY Specialist

Make an Appointment

Prof. Mya Mya Aye

M.B.,B.S, M.Med.Sc (OG), Dr.Med.Sc (OG), Dip.Med.Ed

OBGY Specialist

Make an Appointment

Prof. Myat Chit Swe

M.B.,B.S, M.Med.Sc (OG), Dr.Med.Sc (OG)

OBGY Specialist

Make an Appointment

Prof. San San Myint

M.B.,B.S, Dip.Med.Ed, M.Med.Sc (OG), MRCOG (UK), Dr.Med.Sc (OG), FRCPG (UK)

Make an Appointment