All Departments
- (၂၄) နာရီ ဓာတ်ခွဲခန်းဌာန နှင့် ဓာတ်မှန်ဌာန
- ၂၄ နာရီ အရေးပေါ် ကျန်းမာရေးနှင့် အရေးပေါ်ကား ဝန်ဆောင်မှု
- ကလေးများ၏ ကျန်းမာဖွံ့ဖြိုးမှုကို ပုံမှန်စောင့်ရှောက်ပေးဌာန
- ကလေးအထူးကု ဝန်ဆောင်မှု
- ကာကွယ်ဆေးထိုးဌာန
- ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးနှင့် လေ့ကျင့်ရေးဌာန
- ကျောက်ကပ်တု သွေးသန့်စင်ဌာန
- စကားပြောကုထုံး နှင့် ဘာသာစကားကုသမှု ဝန်ဆောင်မှု
- စိတ်ပညာကုထုံးဝန်ဆောင်မှု
- ဆီးချို၊ အဝလွန်နှင့် ဟော်မုန်းဆိုင်ရာ အထူးကုဝန်ဆောင်မှု
- ဓာတ်မတည့်မှုနှင့် ပန်းနာရင်ကျပ် စောင့်ရှောက်ပေးဌာန
- နား၊နှာခေါင်း နှင့် လည်ချောင်းအထူးကုဌာန
- နားအကြားအာရုံဌာန
- နေ့ချင်းပြီးလူနာ ခွဲစိတ်ခြင်းဝန်ဆောင်မှု
- နှလုံးရောဂါအထူးကုဝန်ဆောင်မှု
- မျက်နှာနှင့်မေးရိုးခွဲစိတ်ဝန်ဆောင်မှု
- မွေးကင်းစ မွေးရာပါရောဂါ စစ်ဆေးခြင်း
- သားဖွားမီးယပ်ဝန်ဆောင်မှု
- သွားဖက်ဆိုင်ရာဆေးခန်း
- ဟောက်ခြင်း၊ အိပ်ရေးမဝခြင်းဆိုင်ရာ စစ်ဆေးဌာန
- အစားအသောက်နှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုဆိုင်ရာ ဝန်ဆောင်မှု
- အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ဌာန
- အဆုတ်နှင့် ရင်ခေါင်းဆိုင်ရာ အထူးကု ဝန်ဆောင်မှု
- အထွေထွေခွဲစိတ်အထူးကု ဝန်ဆောင်မှု
- အထွေထွေရောဂါ အထူးကု ဝန်ဆောင်မှု
- အရိုးခွဲစိတ် အထူးကု ဝန်ဆောင်မှု
- အရေပြားအထူးကုဝန်ဆောင်မှု
- အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက် ဝန်ဆောင်မှု
- ဦးနှောက်နှင့်အာရုံကြော ဆိုင်ရာဝန်ဆောင်မှု
ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးနှင့် လေ့ကျင့်ရေးဌာန
ပါရမီအထွေထွေရောဂါကုဆေးရုံကြီး၏ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးနှင့်လေ့ကျင့်ရေးဌာနသည် ၂၀၁၁ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး၊ တတ်ကျွမ်းသော ပြန်လည်သန်စွမ်းရေးကုသမှုပညာရှင်များမှ အကောင်းဆုံးနည်းပညာဖြင့် ကုသမှုပေးနေလျက်ရှိပါသည်။ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးပညာရပ်သည် ထိခိုက်ဒဏ်ရာကြောင့်သော်လည်းကောင်း၊ နာမကျန်းမှုကြောင့်သော်လည်းကောင်း၊ မွေးရာပါကိုယ်လက်အင်္ဂါမသန်စွမ်းမှုကြောင့် ဖြစ်စေသော လုပ်ရှားမှုကြွက်သားများကို ပုံမှန်အတိုင်း ပြန်လည်ဖြစ်အောင် ဆောင်ရွက်ပေးပါသည်။ ထို့အပြင် နောင်တွင် ပြန်လည်မဖြစ်အောင် ပုံမှန်လေ့ကျင့်ခန်းဆောင်ရွက်ရန် လိုအပ်ပါသည်။
ကျွန်တော်တို့၏ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးနှင့် လေ့ကျင့်ရေးကုသပညာရှင်များသည် လူကြီးနှင့် ကလေးများပါ ကုသမှုပေးပါသည်။ အထူးသဖြင့် ကလေးများ၏ ပြန်လည်သန်စွမ်းရေးကုသမှုသည် ရန်ကုန်တွင် ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုသမှုပေးပါသည်။ ပြန်လည်သန်စွမ်းရေးကုသမှု ပညာရှင်များမှ လူနာတစ်ဦးချင်းစီအတွက် သင့်တော်မှန်ကန်ပြီး နိုင်ငံတကာ စံညွှန်းအတိုင်း လေ့ကျင့်သင်ကြားပေးနေပါသည်။
ဝန်ဆောင်မှုများ
၁။ လူကြီးများအတွက် ပြန်လည်သန်စွမ်းရေး
- ခန္ဓာကိုယ်ရှိကြွက်သားများ၊အရွတ်များကြောင့်ဖြစ်တတ်သော နာကျင်ကိုက်ခဲမှုများ
- ကျီးပေါင်းကြောင့် ဖြစ်သောနာကျင်ကိုက်ခဲမှုများ
- အရိုးကျိုးပြီးနောက် ကြွက်သားများပြန်လည်သန်စွမ်းပြီး အဆစ်များပုံမှန်လှုပ်ရှားလာနိုင်အောင်လေ့ကျင့်ပေးခြင်း
- လေဖြတ်ပြီး နောက်ဖြစ်ပေါ်လာသော နောက်ဆက်တွဲမသန်စွမ်းမှုများ
- လေဖြန်းပြီး မျက်နှာတစ်ြ်ခမ်းရွဲ့နေခြင်း နှင့် မျက်နှာကြွက်သားများအားနည်းခြင်း
- ကိုယ်ဝန်ဆောင်နှင့်မီးဖွားပြီး မိခင်များအတွက် လေ့ကျင့်ခန်းများ
- အသက်အရွယ်အိုမင်းမှုကြောင့် ဖြစ်သော မသန်စွမ်းမှုများ
၂။ ကလေးများအတွက် ပြန်လည်သန်စွမ်းရေး
- ဦးနှောက်ထိခိုက်မှုကြောင့် ဖြစ်သော မသန်စွမ်းမှုများ
- ခန္ဓာကိုယ်ကြွက်သားဖွံ့ဖြိုးမှုနောက်ကျခြင်းများ
- Down’s Syndrome ရောဂါတွင်ဖြစ်သော ခန္ဓာကိုယ်ကြွက်သားဖွံ့ဖြိုးမှုနောက်ကျခြင်းများ
- ကြွက်သားရောဂါများ
- မွေးရာပါခေါင်းစောင်းခြင်း