We Care For Everyone. Expert by Experience.

ဟောက်ခြင်း၊ အိပ်ရေးမဝခြင်းဆိုင်ရာ စစ်ဆေးဌာန

ပေါ်လီဆိုနိုဂရမ် (Polysomnogram) သည် နေ့ခင်းနေ့လည်အိပ်ငိုက်လွန်ခြင်းနှင့် အိပ်ပျော်နေစဉ် အသက်ရှုလမ်းကြောင်း အဝပိတ်ပြီး၊ အောက်ဆီဂျင် ပြတ်တောက်မှု ရောဂါများကိုရှာဖွေသော စနစ်ဖြစ်ပါသည်။ ကျွမ်းကျင်သော အထူးကုဆရာဝန်များမှ ခန္ဓာကိုယ်အတွက် လိုအပ်သော အိပ်ရေးဝခြင်းဖြစ်အောင် ကုသမှုပေးနေပါသည်။

အိပ်နေစဉ်ဟောက်ခြင်းသည် အိပ်ပျော်နေစဉ် အာခေါင်နှင့် လေပြွန်လမ်းကြောင်းမကြာခဏပိတ်ဆို့ခြင်းကြောင့် ဦးနှောက်နှင့် ကိုယ်ခန္ဓာသို့အောက်ဆီဂျင်ပို့လွှတ်ခြင်း ပြတ်တောက်သည်။ ထိုအခါလူသည် စက္ကန့်အနည်းငယ်နိုးလာရပြီး၊ လေပြွန်ရှူရန် ကြိုးစားသည်။ တစ်ညလုံး ဤဖြစ်စဉ်အကြိမ်များစွာ ဖြစ်ခဲ့သော်လည်း ကာယကံရှင်မှ မသိတာများပါသည်။

ထိုအခါ ညဘက်အိပ်ရေးမဝခြင်းကြောင့် နေ့ခင်းအငိုက်လွန်ရောဂါ ရလာသည်။ ရုတ်ချည်း အန္တရာယ်ရှိသည့်အချက်မှာ အငိုက်လွန်သူများ ကားမောင်းလျှင် ကားတိုက်မှုဖြစ်ပြီး၊ သေကျေဒဏ်ရာရနိုင်ပါသည်။

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးတွင် ဟောက်ခြင်း၊ အိပ်ရေးမဝခြင်းဆိုင်ရာစစ်ဆေးဝန်ဆောင်မှုသည် မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဆေးရုံတစ်ခုအနေဖြင့် စတင်ခဲ့ပြီး၊ အထူးကုဆရာဝန်ကြီးများ၊ နားနှာခေါင်းနှင့်လည်ချောင်းအထူးကုများနှင့် သူနာပြုများမှ စုပေါင်းကုသမှု ပေးနေပါသည်။

ဘယ်သူတွေမှာပိုဖြစ်တတ်ပါသလဲ?
  • အဝလွန်ခြင်း
  • မွေးရာပါမေးရိုး ပုံမှန်မဖြစ်သူ
  • လည်ပင်းတုတ်သူ
  • ဟော်မုန်းဓာတ်ချို့ယွင်းသူ
  • အမျိုးသားများ
  • အရက် နှင့် မူးယစ်ဆေးသုံးစွဲသူ
  • ကလေးများတွင် မွေးရာပါ အာသီးကြီးသူ

ဝန်ဆောင်မှုများ

  • အိပ်စက်ခြင်းမှ ဟောက်ခြင်းအကြောင်းအား လေ့လာစစ်ဆေးခြင်း
  • ပုံမှန်ဟောက်ခြင်း၊ အိပ်ရေးမဝခြင်းဖြစ်ရသောအကြောင်းအားစစ်ဆေးခြင်း
  • သင့်တော်သောလေဖိအားဖြင့်လေပြွန်အတွင်းလေဝင်နိုင်ရန်ပြုလုပ်ပေးခြင်း
  • ကလေးငယ်များအိပ်စက်ခြင်း၊ အိပ်ရေးမဝခြင်းအားစစ်ဆေးပေးခြင်း
  • အာသီးကြောင့် အိပ်ရေးမဝခြင်း အားခွဲစိတ်ကုသခြင်း

Our Doctors

Dr. Win Thanda Shwe

M.B.,B.S, M.Med.Sc (Paed), Fellowship in Paediatric Respiratory and Sleep Medicine (Singapore)

Paediatrician / Paediatric Chest Physician

Make an Appointment