Haemodialysis Packages
ပါရမီအထွေထွေရောဂါကုဆေးရုံကြီး၏ ကျောက်ကပ်သွေးသန့်စင်ခြင်းစင်တာ သည် လူနာများအ တွက် အကောင်းဆုံးကျန်းမာရေးဝန်ဆောင်မှုများဖြင့် ဈေးနှုန်းချိုုသာအောင်ဆောင်ရွက်ပေးနေပါ သည်။ ဂျပန်နိုင်ငံ နည်းပညာသုံး NIPRO SURDIAL 55 ကျောက်ကပ်သန့်စင်စက်အသုံးပြုခြင်း ကြောင့် အရည်အသွေးမှာကောင်းမွန်ပြီး၊ MOR-D Compact Reverse Osmosis စနစ်ဖြင့် ဆောင် ရွက်ထားသဖြင့် လူနာ၏ကျောက်ကပ်အတွက် ယုံကြည်စိတ်ချရပါသည်။
ဘာကြောင့် ကျောက်ကပ်သွေးသန့်စင်ရပါသလဲ?
ကျောက်ကပ်သွေးသန့်စင်ခြင်းသည် လူနာ၏ကျောက်ကပ် အလုပ်ကောင်းစွာမလုပ်နိုင်တော့သဖြင့် သွေးထဲရှိအဆိပ်အတောက်များအားဖယ်ရှားသန့်စင်ပေးခြင်းဖြစ်ပါသည်။ ကျောက်ကပ်သည် ခန္ဓာ ကိုယ်တွင်းသွေး ရှိမလိုအပ်သော အညစ်အကြေးများ၊ အားသန့်စင်ပေးပြီး၊ကျန်းမာအောင်ဆောင် ရွ့က်ပေးပါသည်။ အကယ်၍ ကျောက်ကပ်မှာ ၈၅-၉၀% မျှ အလုပ်မလုပ်တော့ပါက၊ လူနာအနေ ဖြင့် ကျောက်ကပ်သွေးသန့်စင်ခြင်းအား ဆောင်ရွက်ရပါသည်။
ကျောက်ကပ်သွေးသန့်စင်ခြင်းအား မည်သို့ပြုလုပ်ပါသလဲ?
ကျောက်ကပ်သွေးသန့်စင်ခြင်းသည် Dialysis သန့်စင်စက် နှင့် အညစ်အကြေးစစ်ဆေးပေးသည့် Filter ပါ ကျောက်ကပ်တုကို အသုံးပြုကာ သင့်၏ သွေးအား သန့်စင်ပေးခြင်းဖြစ်ပါသည်။ ထို့ကြောင့် လူနာ ၏သွေးအား ထို ကျောက်ကပ်တု သန့်စင်မှုအား ဖြတ်သန်းစေရန် တတ်ကျွမ်း သော ဆရာဝန် (သို့) ပညာရှင်မှ သွေးကြောဖောက်၍ ချိတ်ဆက်ပြီး သန့်စင်မှုလုပ်ရပါသည်။ ပုံ မှန်အားဖြင့် လက်မောင်းတွင် အသေးစာခွဲစိတ်မှုဖြင့် ဆောင်ရွက်ရပါသည်။
လိပ်စာ
ကျောက်ကပ်သွေးသန့်စင်ဌာန
ပါရမီအထွေထွေရောဂါကုဆေးရုံကြီး၊ ၃ လွှာ
ပါရမီအထွေထွေရောဂါကုဆေးရုံကြီး၊ ၃ လွှာ
အချိန်
ကျောက်ကပ်သွေးသန့်စင်ဌာနတင်္နလာ၊ အင်္ဂါ၊ ကြာသပတေး နှင့်
သောကြာနေ့ – မနက် ရး၀၀ မှ ည ရး၀၀ ထိ
စနေ နေ့ – မနက် ရး၀၀ မှ နေ့လည် ၁း၀၀ ထိ
ဗုဒ္ဓဟူး နှင့် တနင်္ဂနွေနေ့ – ပိတ်ပါသည်။
ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် လုပ်ငန်းချိန်များ အပြောင်းအလဲရှိနိုင်ပါကြောင်းအသိပေး မေတ္တာရပ်ခံအပ်ပါသည်။ ထိုကြောင့် ဌာနသို့လာရောက်မပြသမှီ ကြိုတင်၍ ဘိုကင်ယူထားနိုင်ရန် လေးစားစွာအသိပေးအပ်ပါသည်။
ဈေးနှုန်း
Starting from 32,500 kyats per transfusion for machine usage
- 09 541 8915 | 09 263636 942
- 01-657223 | 01657226 | 657228 | 657230 | 657231 | 660083 | 651674