Healthy Child Packages
ကလေးများ ကျန်းမာရေးစစ်ဆေးမှု
ပါရမီအထွေထွေရောဂါကုဆေးရုံကြီးသည် ကလေးအထူးကုဆေးရုံအနေဖြင့် ရပ်တည်လာခဲ့သော အတွက်ကြောင့် ကလေးများအတွက် စိတ်ချ၊ ယုံကြည်ရသော ဆေးကုသစစ်ဆေးမှုများအား ကျွမ်းကျင်သော ကလေးအထူးကုဆရာဝန်များမှ ကုသပေးနေပါသည်။ ယခု ကလေးများအတွက် ကျန်းမာရေး စစ်ဆေးမှုသည် အများနှင့်မတူ ဈေးနှုန်းမှန်ကန်ချိုသာပြီး၊ အရည်အသွေးပြည့်ဝသော စစ်ဆေးမှုများဖြင့် ဆောင်ရွက်ပေးနေပါသည်။
ဘာကြောင့် ကလေးများ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်သင့်ပါသလဲ?
“ပထမ (၅)နှစ်အရွယ် သည်သာ တစ်သက်တာ” နိုင်ငံခြားဆိုရိုးစကား လို မိမိ၏ ကလေးငယ်များ၏ ကျန်းမာနေမှုမှာ လွန်စွာ အရေးကြီးသဖြင့် လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခြင်းအားဖြင့် ဆောင်ရန်ရှောင်ရန်များအား အထူးဂရုစိုက်ရန် လိုအပ်ပါသည်။ ပါရမီအထွေထွေရောဂါကုဆေး ရုံကြီး၏ အထူးအစီအစဉ်အဖြစ် သင့်ကလေးများ၏ ကျန်းမာရေးစစ်ဆေးများလုပ်ခြင်းဖြင့် ရာသီအလိုက်ပုံမှန် ဖြစ်လေ့ရှိသော ရောဂါများ၊ ခဏခဏတစ်လျှောင်လျှောင်ဖျားခြင်း၊ အဝလွန်ခြင်း နှင့် ပိန်လွန်းခြင်းများနှင့် မလိုအပ်ပဲ ပိုးသတ်ဆေးသောက်ခြင်းများ မဖြစ်ရအောင်စစ်ဆေးနိုင်ပါသည်။ ပုံမှန် ပိုးသတ်ဆေးအား ဆရာဝန်ညွှန်ကြားချက်မပါပဲ သုံးစွဲခြင်းကြောင့်၊ ခန္ဓာကိုယ်တွင်း အပြင်မှဝင်လာသော ရောဂါပိုးများအား မတွန်းလှန်နိုင်တော့ပဲ၊ ဆေးယဉ်ပါးသွားခြင်းကြောင့် ဘေးဥပါဒ် ပိုမိုဖြစ်စေပါသည်။
Standard Package – 165,000 kyats
Exclusive Package – 350,000 kyats


သတိပြုရန်
- ဤစစ်ဆေးမှု သည် ကလေးအသက် (၄) နှစ် မှ (၁၅) နှစ်အတွင်းသာ အကျုံးဝင်ပါသည်။
- မစစ်ဆေးခင် ကလေးသည် ဖျားခြင်း နှင့် ပုံမှန်အတိုင်းကောင်းမွန်နေရမည်။
- မစစ်ဆေးခင် ကလေးသည် အိပ်ရေးဝ နေရပါမည်။
ကလေးကျန်းမာရေးကို ပုံမှန်စစ်ဆေးပေးဖြစ်ရဲ့လား 💬⁉️
မိဘတွေဟာ သားသမီးတိုင်းကို ကျန်းမာထက်မြက်တဲ့ ကလေးတွေဖြစ်စေချင်ကြပါတယ်။
ကလေးငယ်တစ်ယောက် ကျန်းမာဖို့ဆိုတာ ငယ်ရွယ်စဉ်ကျန်းမာရေးစောင့်ရှောက်မှုတွေ ပုံမှန်ပြုလုပ်ပေးဖို့က အရေးကြီးပါတယ်။
နေမကောင်းဖြစ်မှ ဆေးခန်းပြတာထက် “မဖြစ်ခင်ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျန်းမာရေးစစ်ဆေးပေးထားတာက” အကောင်းဆုံးပဲဖြစ်ပါတယ်။
ကလေးတစ်ယောက်ရဲ့ ကျန်းမာရေးကို ပုံမှန်စစ်ဆေးပေးဖို့ ပါရမီအထွေထွေရောဂါကုဆေးရုံမှာ မိဘတိုင်းအားထားရာ ✨ 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐂𝐡𝐢𝐥𝐝 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐔𝐩 𝐏𝐚𝐜𝐤𝐚𝐠𝐞✨ ရှိနေပါတယ်။
ကလေးငယ်တွေရဲ့ ဖွံဖြိုးမှုများအတွက် ကျန်းမာရေးစစ်ဆေးမှု အမျိုးအစားပေါင်း (၂၀ ) ကျော်နဲ့ စစ်ဆေးပေးသွားမှာပါ။ ကျန်းမာတဲ့ကလေးဟာ အနာဂတ်မှာကျန်းမာအောင်မြင်တဲ့ လူကြီးတစ်ယောက်ကို ပုံဖော်ပေးမှာဖြစ်တာကြောင့် သင့်ရဲ့ရင်သွေးငယ်ကို ပါရမီအထွေထွေရောဂါကုဆေးရုံမှာ ကျန်းမာရေးစစ်ဆေးပေးဖို့ အခုပဲ 𝐁𝐨𝐨𝐤𝐢𝐧𝐠 တင်လိုက်တော့နော်။ 💜✨
#ပါရမီအထွေထွေရောဂါကုဆေးရုံ
#Healthychildmedicalcheckup
#ကလေးကျန်းမာရေးစစ်ဆေးမှု
#Medicalcheckup
- 09 541 8915 | 09 263636 942
- 01-8657223 | 8657226 | 8657228 | 8657230 | 8657231 | 8660083 | 8651674