ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာကတော့ ပုံမှန်အတိုင်းမဟုတ်ဘဲ တစ်နေ့ကို (၃)ကြိမ်နဲ့အထက် ဝမ်းအရည်တွေ ဒါမှမဟုတ် ဝမ်းပျော့ပျော့သွားခြင်းဖြစ်ပါတယ် 😊
ဝမ်းပျက်ဝမ်းလျှောခြင်းက ရာသီမရွေး ဖြစ်ပေါ်တတ်သော်လည်း မိုးရာသီမှာ အစာနှင့်ရေ မသန့်ရှင်းခြင်းကြောင့် အဖြစ်များပါတယ်။ကလေးငယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောခြင်းက လူကြီးတွေထက် ပိုမိုပြင်းထန်နိုင်ပါတယ်။👶
ဝမ်းပျက်ဝမ်းလျှောခြင်းရဲ့ လက္ခဏာတွေကတော့
❎ဝမ်းအရည်တွေ ခဏခဏသွားခြင်း၊ဝမ်းမနို်ငခြင်း
❎ဗိုက်အောင့်၊ဗိုက်နာခြင်း
❎အဖျားတက်ခြင်း
❎ဝမ်းထဲတွင်သွေးစလေးများပါခြင်း တို့ပဲဖြစ်ပါတယ်။
အထက်ပါလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး ဆေးကုသမှုခံယူသင့်ပါတယ်✔ ဒါ့ကြောင့် မိုးရာသီမှာအဖြစ်များတဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် ဓာတ်ဆားရည်ကိုအဓိကထားသောက်သုံးပေးသင့်ပြီး သန့်ရှင်းသောရေ နှင့် ရေကျက်အေး တို့ကိုလည်းသောက်သုံးပေးခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှောခြင်းကိုကာကွယ်ကြဖို့ ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှ တိုက်တွန်းလိုက်ရပါတယ်💜
#ParamiGeneralHospital
#WeCareForEveryone
#ExpertByExperience
#Diarrhea