နားကိုက်ခြင်းဆိုတာကတော့ နေမထိထို်ငမသာနဲ့ ခံရခက်ပြီး လူတိုင်းခံစားဖူးတဲ့ ဝေဒနာတစ်ခုဖြစ်ပါတယ်။
နားထဲကို ဘက်တီးရီးယားပိုး ဒါမှမဟုတ် အရာဝတ္တုတစ်ခုခုဝင်တာ၊ အခြားကိုက်ခဲနာကျင်မှုများမှတစ်ဆင့် နားအပေါ်ထိခိုက်သက်ရောက်မှုရှိတာ စတဲ့အကြောင်းအရာများကြောင့် နားကိုက်နိုင်တဲ့အပြင် အခြားအကြောင်းအရင်းများစွာလည်းရှိပါတယ်။
နားကိုက်ရတဲ့အခြားအကြောင်းအရင်းတွေကတော့
(၁)နားထဲပိုးဝင်ခြင်း
(၂)နားထဲ နားဖာချေးများ ဒါမှမဟုတ် ပစ္စည်းတစ်ခုခုပိတ်ဆို့နေတာ
(၃) လေဖိအားပြောင်းလဲခြင်း
(၄)နားစည်ပေါက်ခြင်း
(၅)လည်ချောင်းနာကျင်ခြင်း
(၆)နားစည်ပေါက်ခြင်း နှင့်
(၇)သွားကိုက်ခြင်း တို့ပဲဖြစ်ပါတယ်။
ဒီလိုအကြောင်းအရင်းတွေကနေတစ်ဆင့် နားစည်အလယ်လောက်မှာရှိတဲ့နားပြွန်ထဲမှာ ပြသနာတစ်ခုခုရှိနိုင်ပြီး အပြင်ကအသံတွေကို သေချာရှင်းရှင်းလင်းလင်းမကြားနိုင်တာကြောင့် အကြားအာရုံကိုထိခိုက်လာနိုင်ပါတယ်။
ဒါ့ကြောင့် အကြားအာရုံအတွက် အရေးကြီးသော အစိတ်အပိုင်းဖြစ်တဲ့ နားနဲ့ပတ်သတ်တဲ့ဝေဒနာကို ခံစားလာရပြီဆိုရင် နီးစပ်ရာဆေးရုံဆေးခန်းကိုအမြန်ဆုံးသွားရောက်ပြသပြီး ဆေးကုသမှုခံယူဖို့ ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှ တိုက်တွန်းလိုက်ရပါတယ် #WeCareForEveryone
#Paramigeneralhospital
#ExpertByExperience
#Earache