အစာအိမ်နှင့် အူလမ်းကြောင်းရောဂါတွေဟာ ခံစားရတဲ့သူအဖို့ ဝမ်းဗိုက် တစ်ဝိုက်ကနာကျင်ပြီး သက်တောင့်သက်သာမရှိတဲ့အပြင် နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်သော ကျန်းမာရေးဆိုင်ရာ ပြဿနာတွေပဲဖြစ်ပါတယ်။
အစာအိမ်အူလမ်းကြောင်းဟာ ရှည်လျားတာကြောင့် အူလမ်းကြောင်းတစ်လျှောက်မှာ ရောဂါမျိုးစုံဖြစ်နိုင်ပါတယ်။ဒါ့အပြင် ရောဂါလက္ခဏာတွေကလည်း မကွဲပြားတာကြောင့် သေချာစွာစစ်ဆေးကုသသင့်ပါတယ်။
အတွေ့များတဲ့ အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာရေးပြဿနာတွေကတော့
-အစာအိမ်မှ အချဉ်ဓာတ်ပြန်ဆန်တက်ခြင်း
-ဝမ်းချုပ်ခြင်း
-အူလမ်းကြောင်းမှ အစားအစာအချို့ကို လက်ခံဖို့ခက်ခဲခြင်း
-အူလမ်းကြောင်းရောင်ရမ်းခြင်းတို့ပဲဖြစ်ပါတယ်
ဒီလိုလက္ခဏာတွေကြုံတွေ့ခံစားနေရပြီဆိုရင်တော့ စောစာစီးစီး ဆရာဝန်နဲ့တိုင်ပင်ပြီး မလိုလားအပ်တဲ့ပြသနာတွေမဖြစ်အောင်ကြိုတင်ကာကွယ်သင့်ပါတယ်။
ဝမ်းတစ်လုံးကြောင့်ခေါင်းခဲနေရတာတွေမဖြစ်စေဖို့ ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါများအတွက် အထူးကျွမ်းကျင်ဆရာဝန်ကြီးများနှင့်တိုင်ပင်ပြီး အမြစ်ပြတ်တဲ့အထိ ဆေးကုသမှုခံယူလိုက်တော့နော် #WeCareForEveryone
#Paramigeneralhospital
#ExpertByExperience
#Gastroenterology