ပြင်ပလူနာဌာနမှသည် ရောဂါများစွာသက်သာခြင်းဆီသို့
————————————
ပါရမီအ ထွေထွေရောဂါကုဆေးရုံရဲ့ ပထမထပ်မှာ ရောဂါမျိုးစုံကိုနွေးထွေးကြင်နာမှုအပြည့်နဲ့ ဂရုတစိုက်ကုသပေးနေတဲ့ (𝐎𝐏𝐃 ) ပြင်ပလူနာဌာနကို ဖွင့်လှစ်ထားပါတယ်။ ကလေးလူနာတွေအပြင် လူကြီးလူနာများပါ ကုသလို့ရတဲ့ဌာနလည်း ဖြစ်ပါတယ်။
ဆေးရုံတွင်းသန့်ရှင်းသပ်ရပ်အောင်စီမံထားပြီး စနစ်ကျမှုတွေနဲ့အတူ အသစ်ပြန်လည်ပြုပြင်တည်ဆောက်ထားတဲ့ (𝐎𝐏𝐃 ) မှာ ကဏ္ဍအလိုက်အဆင်ပြေအောင်ကူညီလုပ်ဆောင်ပေးနေတဲ့ ကျွမ်းကျင်ဝန်ထမ်းများစွာလည်း အဆင်သင့်ရှိနေပါတယ်။💁♀
🩺▪️ သိလိုသမျှ မေးမြန်းလို့ရမဲ့ ဧည့်ကြို နှင့် လူနာဝန်ဆောင်မှုကောင်တာ
🩺▪️ဆရာဝန်ညွှန်ကြားထားသော ဆေးများကိုစီစစ်ပြီး စေတနာအပြည့်နဲ့ ပြန်လည်ရှင်းပြပေးမဲ့ “𝐏𝐡𝐚𝐫𝐦𝐚𝐜𝐲 ” ကောင်တာ
🩺▪️ရောဂါရှာဖွေကုသရာမှာ အထောက်အကူပြုပေးတဲ့သွေး ၊ ဆီးနှင့် ဝမ်းများစစ်ဆေးရန် 𝐁𝐥𝐨𝐨𝐝 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 𝐑𝐨𝐨𝐦
🩺▪️ လူနာနှင့်လူနာရှင်များစောင့်ဆိုင်းရန် ကျယ်ဝန်းသောနေရာ သန့်ရှင်းသောထိုင်ခုံများထားရှိထားခြင်း
🩺▪️ ဆေးကုသမှုခံယူဖို့ သက်တောင့်သက်သာရှိသောဆေးကုသအခန်းများအစရှိတဲ့ 𝐅𝐚𝐜𝐢𝐥𝐢𝐭𝐲 အပြည့်အစုံကို (𝐎𝐏𝐃 ) မှာပြင်ဆင်ထားပေးပါတယ်။
ပါရမီအထွေထွေရောဂါကုဆေးရုံမှာရရှိနိုင်တဲ့ အကောင်းဆုံးဝန်ဆောင်မှုကတော့ လာရောက်ဆေးကုသမှုခံယူသူတွေအတွက် သက်သာပျောက်ကင်းစေချင်တဲ့ “စေတနာ” ဖြစ်တာကြောင့် ခံစားနေရတဲ့ဝေဒနာတွေရှိခဲ့ရင် ပါရမီအထွေထွေရောဂါကုဆေးရုံရဲ့(𝐎𝐏𝐃 ) ဌာနကို လာရောက်ပြီးကုသလိုက်ပါ။ 🩺💜
#ပါရမီအထွေထွေရောဂါကုဆေးရုံ
#ပြင်ပလူနာဌာန
#OPDServices
#Wecareforeveryone