ပါရမီအထွေထွေရောဂါကုဆေးရုံကြီးသည် ၂၀၁၀ ပြည့်နှစ်မှစတင်၍ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် အမျိုးသမီးနှင့် ကလေးငယ်များအတွက် သီးသန့်ဖွင့်လှစ်ထားသော ပထမဆုံးပုဂ္ဂလိကဆေးရုံအဖြစ် လူသိများခဲ့ပါသည်။ ပြည်ပနိုင်ငံများသို့ သွားရောက်ဆေးကုသမှုခံယူနေရသည့် လူနာဦးရေ တဖြည်းဖြည်းများပြားလာမှုအပေါ် တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ပြည်သူလူထု၏ အမှန်တကယ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့်အပြင် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများပေးနိုင်မည့် ဆေးရုံတစ်ခုကို မြန်မာနိုင်ငံတွင် တည်ထောင်ရန် လိုအပ်သည်ဟု ယူဆခဲ့ကြပါသည်။
၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းတွင် ပါရမီဆေးရုံသည် လူကြီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများကိုပါ တိုးချဲ့ပေးခဲ့ပြီး “ပါရမီအထွေထွေရောဂါကုဆေးရုံကြီး” အဖြစ်သို့ ပြောင်းလဲလာခဲ့ပါသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် AACI (American Accreditation Commission International) နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်နှင့် ISO 7101:2023၊ ISO 9001:2015 လက်မှတ်များရရှိထားသည့် ဆေးရုံလည်း ဖြစ်ပါသည်။
AACI ဆိုသည်မှာ ကမ္ဘာ့အဆင့်မီကျန်းမာရေးစံနှုန်းများကို သတ်မှတ်ပေးသည့် လွတ်လပ်သော နိုင်ငံတကာအသိအမှတ်ပြုအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ဤအသိအမှတ်ပြုလက်မှတ်ကို ရရှိခြင်းဖြင့် ကျွန်ုပ်တို့၏ လူနာများဆေးကုသရာတွင် ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ကူးစက်ရောဂါထိန်းချုပ်မှုမှသည် ဆေးဘက်ဆိုင်ရာမှတ်တမ်း ထိန်းသိမ်းမှုများအထိ လုပ်ငန်းစဉ်အားလုံးကို ကမ္ဘာ့အဆင့်မီစံနှုန်းများနှင့် ကိုက်ညီခြင်းတို့ကို သက်သေပြနိုင်ခဲ့ပါသည်။
Royal Parami Life Sciences Co., Ltd ၏ ဒါရိုက်တာအဖွဲ့ (BOD) သည် ထူးချွန်ထက်မြက်သော ဆေးဘက်ဆိုင်ရာ ဗဟိုဌာနတစ်ခုဖြစ်လာစေရန် အရည်အသွေးမြင့်ဝန်ဆောင်မှုနှင့် လူနာဘေးကင်းလုံခြုံရေးကို စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည့် ခိုင်မာသောကတိကဝတ်များပါဝင်သည့် စီမံကိန်းများကို ချမှတ်ထားပါသည်။
ပါရမီအထွေထွေရောဂါကုဆေးရုံကြီးသည် ရောဂါရှာဖွေရေးပုံရိပ်ဖော်ခြင်းနှင့် ဓာတ်ခွဲခန်းဝန်ဆောင်မှု၊ ကလေးကျန်းမာရေး၊ သားဖွားနှင့်မီးယပ်၊ အရိုးအကြော၊ အထွေထွေရောဂါကုနှင့် ခွဲစိတ်ကုသမှုစသည့် နယ်ပယ်အသီးသီးမှ အထူးကုဆရာဝန်ကြီးများကို စုစည်းထားပြီး အဆင့်မြင့်ဆေးဘက်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာများကို အသုံးပြုကာ လူနာများကိုဘက်စုံကဏ္ဍစုံမှ စောင့်ရှောက်မှုပေးလျက်ရှိပါသည်။
ကျွန်ုပ်တို့၏ကျန်းမာရေးစောင့်ရှောက်မှုကျွမ်းကျင်ပညာရှင်များအဖွဲ့၏ တီထွင်ဆန်းသစ်မှု၊ အဆင့်မြင့်နည်းပညာ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုနှင့် လူနာအပေါ်ဂရုစိုက်မှုတို့ကို ပေါင်းစပ်ခြင်းဖြင့် ပါရမီအထွေထွေရောဂါကုဆေးရုံကြီးသည် အကောင်းဆုံးဝန်ဆောင်မှုများပေးနိုင်ပြီး ကျွန်ုပ်တို့၏လူနာများ၏ လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ပါသည်။
Experienced Doctor
With More than 12 years of Experiences in Children’s health and one of a leading First Private Children Hospital in Myanmar.
Invested in New Technology and Research to attain reliable and accurate health diagnosis.
By providing Multi-disciplinary approach to patient care, our treatments can assure for success in achieving best outcome.