We Care For Everyone. Expert by Experience.

ကာကွယ်ဆေးထိုးဌာန

ကာကွယ်ဆေးထိုးခြင်းသည် အလွယ်ကူဆုံးနှင့် အန္တရာယ်အကင်းဆုံးဖြစ်ပြီး၊ လူနာအတွက် အန္တရာယ်ရှိသည့် ရောဂါပိုးများမှ ကောင်းစွာကာကွယ်နိုင်ပါသည်။ လူနာအား ကာကွယ်နိုင်သည့်အပြင် မိမိ၏ ပတ်ဝန်းကျင်ရှိ လူများအား မကူးစက်အောင် ကာကွယ်ပေးနိုင်ပါသည်။

ပါရမီအထွေထွေရောဂါကုဆေးရုံကြီး၏ ကာကွယ်ဆေးထိုးဌာနသည် ပုံမှန်ထိုးထားသင့်သည့် ကာကွယ်ဆေးများနှင့် ဆရာဝန်မှ ထောက်ခံပေးသည့် ကာကွယ်ဆေးများကို ကလေး၊ လူကြီး၊ ကိုယ်ဝန်ဆောင်မိခင် နှင့် ခရီးသွားသူများအတွက် ဆောင်ရွက်ပေးနေပါသည်။ ထို့အပြင် ကိုဗစ် ၁၉ ရောဂါပိုးအတွက် ထိရောက်သော ကာကွယ်ဆေးထိုးမှုအား မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင် လိုင်စင်ရရှိထားပါသည်။

ဝန်ဆောင်မှုများ

၁။ ကလေးများကာကွယ်ဆေးထိုးမှု

ကလေးငယ်များအနေဖြင့် ကာကွယ်ဆေးအားစောစီးစွာထိုးထားခြင်းအားဖြင့် ရောဂါများစွာကိုကာကွယ်နိုင်ပါသည်။ ယခုလိုကာကွယ်ခြင်းအားဖြင့် ကလေးငယ်များတွင် ပြင်ပရောဂါပိုးခုခံနိုင်မှု အားအစပျိုးချိန်တွင် စောင့်ရှောက်ပေးနိုင်ပြီး၊ ရောဂါများမဖြစ်အောင်
ဆောင်ရွက်နိုင်ပါသည်။

ကာကွယ်ဆေးများ
  • တီဘီရောဂါကာကွယ်ဆေး
  • ဆုံဆို့၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်ရောဂါကာကွယ်ဆေး
  • ဦးနှောက်အမြှေးပါးရောင်နှင့် အဆုတ်ရောင်ရောဂါကာကွယ်ဆေး
  • ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး
  • အသည်းရောင်အသားဝါ (ဘီ)ရောဂါကာကွယ်ဆေး
  • အသည်းရောင်အသားဝါ (အေ)ရောဂါကာကွယ်ဆေး
  • ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး
  • Rota ပိုးကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး
  • အူရောင်ငန်းဖျား ရောဂါကာကွယ်ဆေး
  • Neisseria Meningitis ပိုးကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါကာကွယ်ဆေး
  • ခွေးရူးပြန် ရောဂါကာကွယ်ဆေး
  • ခွေးရုးပြန်ရောဂါ အဆိပ်ဖြေဆေး
  • တုတ်ကွေးရောဂါကာကွယ်ဆေး
  • ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါကာကွယ်ဆေး
  • ရေကျောက်ရောဂါကာကွယ်ဆေး

၂။ လူကြီးများ ကာကွယ်ဆေးထိုးမှု

လူကြီးများတွင် ကာကွယ်ဆေးထိုးခြင်းသည် ကလေးများတွင် ကာကွယ်သကဲ့သို့အရေးကြီးပါသည်။ ပါရမီအထွေထွေရောဂါကုဆေးရုံကြီးအနေဖြင့် လူကြီးများအတွက် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ကျောင်းအဝင်တွက်ထိုးခြင်း၊ အလုပ်မဝင်ခင်ကာကွယ်ဆေးထိုးခြင်း၊ နိုင်ငံမကူးပြောင်းခင်ကာကွယ်ဆေးထိုးခြင်း နှင့် အခြားကာကွယ်ဆေးထိုးခြင်းအတွက် ဝန်ဆောင်မှုပေးပါသည်။

ကာကွယ်ဆေးများ
  • ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး
  • ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး
  • ရေကျောက်ရောဂါကာကွယ်ဆေး
  • အသည်းရောင်အသားဝါ (ဘီ)ရောဂါကာကွယ်ဆေး
  • ဆုံဆို့၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်ရောဂါကာကွယ်ဆေး

၃။ ကိုယ်ဝန်ဆောင်မိခင်များအတွက်ကာကွယ်ဆေးထိုးမှု

ကိုယ်ဝန်ဆောင်စဉ်အချိန်တွင် မိခင်များသည် မိမိအတွက်ဂရုစိုက်ရမည့်အပြင် မိမိ၏ရင်သွေးအတွက်ပါကျန်းမာအောင် စောင့်ရှောက်ရန်လိုအပ်ပါသည်။ ထို့ကြောင့်မိခင်များအနေဖြင့် ကာကွယ်ဆေးအား ပုံမှန်ထိုးရန်အထူးလိုအပ်ပါသည်။

ကာကွယ်ဆေးများ

(a) ကိုယ်ဝန်မဆောင်မီကာကွယ်ဆေး

  • ကိုယ်ဝန်မဆောင်မီကာကွယ်ဆေး
  • ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး
  • အသည်းရောင်အသားဝါ (ဘီ)ရောဂါကာကွယ်ဆေး

(b) ကိုယ်ဝန်ဆောင်စဉ်ကာကွယ်ဆေး

  • ကိုယ်ဝန်ဆောင်စဉ်ကာကွယ်ဆေး
  • တုတ်ကွေးရောဂါကာကွယ်ဆေး
  • ဆုံဆို့၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်ရောဂါကာကွယ်ဆေး

(c) ကိုယ်ဝန်ဆောင်ပြီးကာကွယ်ဆေး

  • ကိုယ်ဝန်ဆောင်ပြီးကာကွယ်ဆေး
  • ဆုံဆို့၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်ရောဂါကာကွယ်ဆေး
  • ရေကျောက်ရောဂါကာကွယ်ဆေး
  • ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး

၄။ ခရီးသွားသူများအတွက် ကာကွယ်ဆေးထိုးမှု

ခရီးသွားသူများအနေဖြင့် မိမိ ၏တိုင်းပြည်မှ မထွက်ခွာမှီ ကာကွယ်ဆေးပြည့်စုံအောင်ထိုးရန်လိုအပ်ပါမည်။ ဆိုက်ရောက်မည့်တိုင်းပြည်၏ လိုအပ်ချက်ပေါ်မူတည်ပြီး၊ ထိုးရန်လိုအပ်ပါမည်။ ထိုသို့လိုအပ်သော ကာကွယ်ဆေးများအား ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှ ဆရာဝန်များမှ ဆွေးနွေးတိုင်ပင်ပေးပါသည်။

၅။ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးမှု

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထောက်ခံမှုဖြင့်
ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးမှု လိုင်စင်အား တရားဝင်ရရှိထားပြီးဖြစ်ပါသည်။