We Care For Everyone. Expert by Experience.

အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက် ဝန်ဆောင်မှု

ပါရမီအထွေထွေရောဂါကုဆေးရုံကြီး၏ အိမ်တိုင်ရာရောက်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် ကျယ်ပြန့်၍ ပြီးပြည့်စုံသည့်ကျန်းမာရေးဝန်ဆောင်မှုများအား သင့်၏ အိမ်သို့လာရောက်ကုသမှုပေးပါသည်။ ကျွမ်းကျင်သော ဆရာဝန်များ၊ သူနာပြုဆရာ/ ဆရာမများ နှင့် ကျန်းမာရေးစောင့်ရှောက်သော ပညာရှင်များမှ ပူးပေါင်းပြီး၊ လူနာအတွက် ဆွေးနွေးခြင်း၊ ဆေးညွှန်းခြင်း နှင့် ကုသခြင်းများ ဆောင်ရွက်ပေးပါသည်။

လုပ်ငန်း၏ရည်ရွယ်ချက်ဖြစ်သည့် ကျန်းမာရေးဝန်ဆောင်မှုအား ဆေးရုံသို့လာစရာမလိုအပ်ပဲ၊ မိမိအိမ်တွင် သက်တောင့်သက်သာ ဖြင့်နေနိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုအားမိမိ၏ မိသားစုသဖွယ် ဝန်ဆောင်မှုပေးပါသည်။

ပါရမီအထွေထွေရောဂါကုဆေးရုံကြီး မှ လူနာတစ်ဦးချင်းအတွက် ဂရုပြု စောင့်ရှောက်မှုအပြည့်အဝပေးသည့်အပြင်၊ အမြင့်မားဆုံးကျန်းမာရေးမှုဖြင့် နာတာရှည်ရောဂါရှိလူနာများနှင့် လှုပ်ရှားမှုနည်း၍မထနိုင်သော လူနာများအတွက် အထူးဝန်ဆောင်မှုပေးပါသည်။

  • ကျန်းမာရေးမကောင်းသောလူနာများအားစမ်းသပ်စစ်ဆေးကုသမှုပေးခြင်း
  • ဆောလျှင်စွာကုသမှုရရှိနိုင်ရန် အသက်အရွယ်အလိုက်ဖြစ်တတ်သောရောဂါများရှိ ၊ မရှိဆန်းစစ်ပေးခြင်း
  • ဓာတ်ခွဲစမ်းသပ်မှုအတွက် သွေးနမူနာဖောက်ယူခြင်း
  • အီးစီဂျီရိုက်ကူးခြင်း၊ အာထရာစောင်း နှင့် ဓာတ်မှန်ရိုက်ကူးပေးခြင်း
  • နှာခေါင်းပိုက်ထည့်ခြင်း၊ ဆီးပိုက်ထည့်ခြင်း၊ အနာဆေးထည့်ခြင်း
  • ကာကွယ်ဆေးထိုးပေးခြင်း
  • ဆရာဝန်ကြီးများညွှန်ကြားသည့်ဆေးများထိုးပေးခြင်း၊ ဆေးသွင်းပေးခြင်း
  • ခန္ဓာကိုယ်ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများပြုလုပ်ပေးခြင်း
  • အရေးပေါ်ဖြစ်တတ်သောရောဂါများနှင့်အသည်းအသန်ခံစားရသောရောဂါများကိုပြုစုကုသပေးခြင်း