We Care For Everyone. Expert by Experience.

၂၄ နာရီ အရေးပေါ် ကျန်းမာရေးနှင့် အရေးပေါ်ကား ဝန်ဆောင်မှု

ပါရမီအထွေထွေရောဂါကုဆေးရုံကြီး၏ အရေးပေါ်ကုသမှုအထူးကုဆရာဝန်များနှင့် အရေးပေါ်ကားဝန်ဆောင်မှုသည် ၂၄ နာရီ ပိတ်ရက်မရှိ လူနာများ၏ အရေးပေါ် ဆေးရုံမတင်ခင်ကာလ ကုသမှုပေးခြင်းနှင့် အဆိုးရွားဆုံး ကျန်းမာရေးအခြေအနေမဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ပေးနေပါသည်။

အရေးပေါ်ကုသအဖွဲ့သည် လူကြီးသာမက ကလေးငယ်များ၏ အသက်ပေါင်းများစွာအား တတ်ကျွမ်းသော အရေးပေါ်အထူးကုဆရာဝန်များ၊ အရေးပေါ်ကလေးအထူးကုဆရာဝန်များ၊ သူနာပြုအဖွဲ့များမှ စောင့်ရှောက်ပေးနေပါသည်။

ထို့အပြင် အရေးပေါ်ကားဖြင့် ရန်ကုန်မြို့အတွင်း အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနေပါသည်။

ဝန်ဆောင်မှုများ

  • အသက်ကယ်လုပ်ငန်းဝန်ဆောင်မှုပေးခြင်း
  • အချိန်မှီ ကုသရန်လိုအပ်သောရောဂါများကိုအချိန်မှီကုသပေးခြင်း
  • အရေးပေါ်ထိခိုက်ဒဏ်ရာရရှိသူများကိုအသက်၊ ကိုယ်လက်အင်္ဂါများထိခိုက်ပျက်စီးခြင်းမရှိအောင်အချိန်မှီကုသပေးခြင်း
  • အရေးပေါ်အထူးကြတ်မတ်ကုသရန် လိုအပ်သောလူနာများကိုကုသပေးခြင်းဖြင့်အသက် ကယ်ဝန်ဆောင်မှုပေးခြင်းး
  • ကျိုးခြင်း၊ ပဲ့ခြင်း၊ပွန်းခြင်း ၊ ပြဲခြင်း အစရှိသည့်ပြင်ပလူနာအဖြစ်နှင့်ကုသနိုင်သည့် အရေး ပေါ်အခြေအနေများကိုစောလျှင်စွာကုသရန်ဝန်ဆောင်မှုပေးခြင်း