We Care For Everyone. Expert by Experience.

ဓာတ်မတည့်မှုနှင့် ပန်းနာရင်ကျပ် စောင့်ရှောက်ပေးဌာန

ဓာတ်မတည့်မှု စစ်ဆေးမှု နှင့်ကုသမှု ဝန်ဆောင်ခြင်းသည် လူနာများတွင် ဓာတ်မတည့်မှုမြောက်များစွာကို ကြိုတင်သိရှိအောင် ဆောင်ရွက်မှုပေးပါသည်။

အထူးကုဆရာဝန်များနှင့် အဖွဲ့ များမှ လူနာ၏ ဓာတ်မတည့်မှုများကို မှန်ကန်စွာ စစ်ဆေးမှုများ ဆောင်ရွက်ပေးနေပါသည်။ မိမိ၏ဓာတ်မတည့်မှုအား သိရှိခြင်းအားဖြင့် ဆရာဝန်အတွက် ဆေးမတည့်မှုနှင့် ဓာတ်မတည့်မှုကြောင့် ဖြစ်စေသော ရောဂါများအား ကြိုတင်ကာကွယ်နိုင်ပါမည်။

ပန်းနာရင်ကျပ်ရောဂါသည် အဆုတ်သို့ဆက်သွယ်သော အသက်ရှုလမ်းကြောင်းအား ထိခိုက်စေသောရောဂါဖြစ်ပါသည်။ ထို့အပြင် နီယောင်လာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူလမ်းကြောင်း ကျဉ်းလာခြင်းကြောင့် အသက်ရှုခက်ခဲလာခြင်း နှင့် ရွှီရွှီလို့ အသံကြားရခြင်းများ ဖြစ်စေပါသည်။ ထို့ကြောင့် ပုံမှန်ဆေးသောက်ခြင်း ဖြင့် အသက်ရှူလမ်းကြောင်းကျဉ်းပြီး၊ အသက်ရှုခက်ခဲခြင်းအား သက်သာစေမှာဖြစ်ပါသည်။

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးတွင် တတ်ကျွမ်းသော အထူးကုဆရာဝန်များ၊ ကလေးအထူးကုဆရာဝန်ကြီးများမှ ဓာတ်မတည့်မှု နှင့် ပန်းနာရင်ကျပ်ရောဂါများကို အကောင်းဆုံးကုသပေးနိုင်ပါသည်။

ဝန်ဆောင်မှုများ

၁။ ဓာတ်မတည့်မှုအားစစ်ဆေးခြင်း

  • ဓာတ်မတည့်မှုဖြစ်စေသော (ဖုန်မှုန့်၊ ဝတ်မှုန်၊ မှိုတက်ခြင်း၊ တရိစ္ဆာန်၊ အစားအစာ၊ အဆိပ် နှင့် သားရေပြား စသည့် ဓာတ်များ ကြောင့်ဖြစ်စေမှုရှိမရှိအားအရေပြားပေါ်တွင် စမ်းဆပ်ခြင်း)
  • အရေပြားအား မတည့်သော အစားအစာ ဓာတ်ဖြစ်သော (အခွံမာသီး၊ အစေ့၊ နွားနို့၊ ကြက်ဥ၊ ငါး၊ ဂဏန်း၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်) များအား အပ်နှင့် ထိုးစမ်းသပ်ခြင်း
  • ဓာတ်တည့်မှုရှိမရှိအား သွေးစစ်ဆေးခြင်း
  • ဆေးများနှင့်ဓာတ်တည့်မှုရှိမရှိအားစမ်းသပ်ခြင်း

၂။ ပန်းနာရင်ကျပ်အတွက်စစ်ဆေးခြင်း

  • ပန်းနာရင်ကျပ်အတွက် ရှုဆေး ဆေးပေးခြင်း
  • အဆုတ်အား မည်မျှကောင်းသည် ကိုစမ်းသပ်ခြင်း
  • သွေးစစ်ဆေးပေးခြင်း

Our Doctors

Dr. Hnin Thuzar Aung

M.B.,B.S, M.Med.Sc (Paediatrics), DCH (London), MRCPCH (UK), FRCP (Edin),Diploma in Allergy & Asthma, C.M.C, Vellore, India

Consultant Paediatrician

Make an Appointment

Prof. Saw Win

M.B.,B.S, DCH, M.Med.Sc (Paed), FRCP (Edin), MRCP (UK), DCH (Glasgow), DTM&H (London), MRCPCH (UK), Dip.Med.Sc (Med.Edu)

Make an Appointment