We Care For Everyone. Expert by Experience.

နားအကြားအာရုံဌာန

နားအကြားအာရုံစင်တာသည် လွန်ခဲ့သော ၂၀၁၂ မှ စတင်တည်ထောင်ခဲ့ပြီး၊ နယူးဇီလန်နိုင်ငံမှ နားအကြားအာရုံအထူးကုဆရာဝန်ကြီး ဒေါက်တာ ရှိန်မြင့် ဦးဆောင်မှုဖြင့်အတွေ့အကြုံရှိပညာရှင်အဖွဲ့များဖြင့်ဖွဲ့စည်းထားပါသည်။

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးတွင် သင့်၏နားနှင့်ပတ်သက်သော အခက်အခဲများ၊ ပန်းတိုင်းများအား အချိန်ပေး သေချာကုသမှုပေးပါသည်။ ကောင်းမွန်သောဝန်ဆောင်မှုနှင့်အဆင့်မြင့်နည်းပညာများဖြင့် သင့်၏နားမကြားမှုနှင့် နားအာရုံချို့ယွင်းမှု၏ အဖြေအားရှာဖွေပြီး၊ သင့်စိတ်ကြိုက်နားကြားကိရိယာ တပ်ဆင်သည်အထိ ဆောင်ရွက်ပေးနေပါသည်။

ဝန်ဆောင်မှုများ

  • မွေးကင်းစ ကလေး နားကြား ၊ မကြားစစ်ဆေးခြင်း (ဖွံ့ဖြိုးပြီးနိုင်ငံများတွင် မွေးကင်းစကလေးတိုင်းအားမဖြစ်မနေ ပြုလုပ်ရမည့် စမ်းသပ်စစ်ဆေးမှုတစ်ခုအဖြစ် သတ်မှတ်ထားပါသည်။)
  • ကလေး၊ လူကြီးအားလုံးနားအကြားအာရုံ ချို့ယွင်းမှုရှိ၊ မရှိစစ်ဆေးခြင်း
  • ဆူညံသောလုပ်ငန်းခွင် (သို့) အလုပ်လုပ်ကိုင်မည့် သူများအတွက် လုပ်ငန်းခွင်မဝင်မီ ကြိုတင်စစ်ဆေးခြင်း နှင့် ပုံမှန်စစ်ဆေးခြင်း
  • နိုင်ငံခြားသင်္ဘောသားများအတွက် IMO/STCW Medical Form များထုတ်ပေးရာတွင်အရေးကြီးသောလိုအပ်ချက်တစ်ခုဖြစ်သည့် နားအကြားအာရုံစစ်ဆေးပေးခြင်း
  • နား၊နှာခေါင်း၊ လည်ချောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးများမှစမ်းသပ်ကြည့်ရှုပေးခြင်း၊ ခွဲစိတ်ကုသပေးခြင်း
  • နားအကြားအာရုံစစ်ဆေးသည့်အဖွဲ့မှ အလုပ်ရုံ၊စက်ရုံ၊ ကျောင်းများသို့ သွားရောက်ပြီး အကြားအာရုံစစ်ဆေးပေးခြင်း
  • နားအကြားအထောက်အကူပြုကိရိယာများတပ်ဆင်ပေးခြင်း

Our Doctors

Dr. Shein Myint

M.B.,B.S, M.H.Sc (New Zeland)

Make an Appointment