We Care For Everyone. Expert by Experience.

ဦးနှောက်အကျိတ်ရောဂါ/ ဦးနှောက်ကင်ဆာရောဂါသည် ဦးနှောက်နှင့်ဦးနှောက်တစ်ဝိုက်ရှိဆဲလ် များပုံမှန်အရေအတွက် နှင့် အရွယ်အစားမဟုတ်တော့ပဲ ကြီးထွားပွားများလာသော ရောဂါဖြစ်ပါသည်။ ထိုကြီးထွားလာသောကြောင့် ဦးနှောက် နှင့် အစိတ်အပိုင်းများအား ဖိအားပေးခြင်းဖြစ်သောကြောင့် လွန်စွာ အန္တရာယ်ရှိပါသည်။ ပါရမီအထွေထွေရောဂါကုဆေးရုံကြီးတွင် ဦးနှောက်အကျိတ် နှင့် ဦးနှောက်ကင်ဆာရောဂါဖြစ်မှုအား ကြိုတင်သိရှိနိုင်ရန် ပြီးပြည့်စုံသည့် စစ်ဆေးမှုများဆောင်ရွက်နိုင်ပါသည်။

ဦးနှောက်အကျိတ် / ဦးနှောက်ကင်ဆာ အမျိုးအစား?

ဦးနှောက်အကျိတ်ရောဂါမှာ ပုံမှန်အားဖြင့် ဦးနှောက်တွင်ဖြစ်သော နေရာအစိတ်အပိုင်းပေါ်မူတည်၍ အမျိုးအစားများစွာရှိသော်လည်း အဓိက ယေဘူယျအားဖြင့် အမျိုးအစား (၂) မျိုးပေါ်မူတည်ပါသည်။

၁။ Benign Brain Tumor ခေါ် ကင်ဆာမဖြစ်ပေါ်စေသော သာမန်အကျိတ်
၂။ Malignant Brain Tumor ခေါ် ကင်ဆာဖြစ်ပေါ်စေသော အကျိတ် ဖြစ်ပါသည်။

ကင်ဆာမဖြစ်စေသော သာမန်အကျိတ်မှာ ဖယ်ရှားခွဲစိတ်၍ ရနိုင်ပါသည်။ ကင်ဆာဖြစ်စေသော အကျိတ်များသည် ဆဲလ်များပွားများလာကာ၊ ဦးနှောက်၏လုပ်ငန်းများအား ဖျက်ဆီးခြင်းကြောင့် အသက်အန္တရာယ်ရှိနိုင်သည်အထိ ဖြစ်စေနိုင်ပါသည်။

မည်သူတွေမှာအဖြစ်များပါသလဲ?

များသောအားဖြင့် အသက်အရွယ်ကြီးရင့်သူနှင့် ကလေးငယ်အရွယ်များတွင် အဖြစ်များခြင်းအား တွေ့ရတတ်ပါသည်။
ဦးနှောက်အကျိတ်ရောဂါသည် ကလေးများ၏ အသက် ၅ နှစ် နှင့် ၈ နှစ်အရွယ်တွင် အဖြစ်များပါ သည်။
လူကြီးများတွင် အသက် ၄၀ နှစ် မှ ၆၀ နှစ်တွင် အဖြစ်များတတ်ပါသည်။

ရောဂါလက္ခဏာများ?

  • ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်း (မနက်စောစောတွင်ပိုမိုဆိုးတတ်ခြင်း၊ ညဘက်အိပ်ရာမှ နိုးသည်အထိ ဆိုးစေပါသည်)
  • တက်ခြင်း၊ သတိလစ်ခြင်း
  • စကားပြောရန်ခက်ခဲလာခြင်း
  • လူနေမှုပုံစံ / အပြုအမူပြောင်းလဲလာခြင်း
  • ကိုယ်တစ်ခြမ်း (သို့) ခြေလက်များအာရုံလျော့လာခြင်း
  • အမြင်အာရုံဝေဝါခြင်း၊ နှစ်ထပ်မြင်လာခြင်း
  • ရုတ်တရက်ခေါင်းမူလာပြီး၊ ခန္ဓာကိုယ်ကိုမထိန်းနိုင်ခြင်း
  • အကြားအာရုံလျော့နည်းလာခြင်း
  • မျက်နှာအသားအရေထုံလာခြင်း
  • ပျို့အန်ခြင်း၊ အစာမျိုရန်ခက်ခဲလာခြင်း
  • အာရုံစူးစိုက်၍ မရခြင်း
  • နေ့စဉ်အလုပ်များတွင် ဆုံးဖြတ်ချက်မချနိုင်ခြင်း
  • အနံ့အရသာ ပျောက်ခြင်းများစသည့် လက္ခဏာများခံစားရနိုင်ပါသည်။

ဘယ်လိုစစ်ဆေးရပါမလဲ?

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးတွင် နောက်ဆုံးပေါ်  PHILIPS Brand သံလိုက်စက်ကွင်း ဓာတ်မှန် ရိုက်စက် (MRI) စက်ကြီး နှင့် နောက်ဆုံးပေါ်ခေတ်မှီနည်းပညာများ သုံး၍ ဦးနှောက်၏ ဆဲလ်များအား စစ်ဆေးခြင်း၊ ဦးနှောက်၏အစိတ်အပိုင်းများအား အသေးစိတ် ကြည့်ရှုနိုင်ပြီး၊ ဦးနှောက်ကင်ဆာ အထိဖြစ်နိုင်ချေရှိ မရှိအား ကြိုတင်သိရှိနိုင်ပါသည်။

သတိပြုရန်

ဦးနှောက်အကျိတ်ရောဂါ၏ လက္ခဏာများစောလျင်စွာ သိရှိပါက သက်ဆိုင်ရာ ဦးနှောက်နှင့်အာရုံ ကြော အထူးကုဆရာဝန်ကြီးများ ၊ ပညာရှင်များထံဆွေးနွေးတိုင်ပင်ရန်လိုအပ်ပါသည်။