We Care For Everyone. Expert by Experience.

သင့်ရဲ့အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ အား ပါရမီအထွေထွေရောဂါကုဆေးရုံကြီး၏ မှန်ကန် ချိုသာပြီး၊ ဈေးနှုန်းသင့်တော်သော Check Up နှင့်စစ်ဆေးနိုင်ပါသည်။ နောက်ဆုံးပေါ် ဂျပန်နည်း ပညာသုံး FUJINON စက်ကြီးနှင့် ကျွမ်းကျင်သော အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုဆရာဝန် များနှင့် အဖွဲ့ များမှ ပူးပေါင်း၍သင့်၏ အစာအိမ် နှင့် အူလမ်းကြောင်း စိုးရိမ်စိတ်များကိုသက်သာ အောင် အဖြေရှာပေးနေပါသည်။

ဘာကြောင့် အစာအိမ် နှင့် အူလမ်းကြောင်းမှန်ပြောင်း ကြည့်သင့်ပါသလဲ?

အစာအိမ်နှင့်အူလမ်းကြောင်း မှန်ပြောင်း သည် အစာအိမ်အထက်ပိုင်းနှင့် အစာအိမ်အောက်ပိုင်းရှိ အူလမ်းကြောင်းများကို ထင်ရှားမြင်တွေ့ရသည့်အပြင်အစာမြိုလမ်းကြောင်း၊ အူသိမ် နှင့် အူမကြီး အထိ စစ်ဆေးပေးပါသည်။

အစာအိမ်မှန်ပြောင်းကြည့်ခြင်းအားဖြင့် အစာအိမ်နံရံ အတွင်း သွေးထွက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ဗိုက်အောင့်ခြင်း၊ အစာမြိုရန်ခက်ခဲခြင်း၊ ပြန်အန်ခြင်း၊ ရင်ပူခြင်း နှင့် အလုံးအကျိတ်များအတွက် ကြိုတင်သိရှိနိုင်ပါသည်။ ထို့အပြင် အစာအိမ်တွင်အနာဖြစ်ခြင်း နှင့် ကင်ဆာအလုံး အားသိရှိနိုင်ပါသည်။ အစာအိမ်သွေးထွက်ခြင်း နှင့် အလုံးအကျိတ်များအားဖယ် ထုတ်ပေးနိုင်ပါသည်။

အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းအားဖြင့် အူမကြီးတွင် အလုံးရှိခြင်း၊ သွေးထွက်ခြင်း နှင့် ကင် ဆာစတင်ဖြစ်နိုင်မှုအား ကြိုတင်သိရှိနိုင်ပါသည်။ အထူးသဖြင့် အသက် (၄၅) နှစ်နှင့်အထက်၊ မိသားစုတွင် အူမကြီးကင်ဆာဖြစ်ဖူးသူ နှင့် အူမကြီးစအိုကင်ဆာ ရောဂါလက္ခဏာပြသနေသူ များစစ်ဆေးသင့်ပါသည်။

ပါရမီအထွေထွေရောဂါကုဆေးရုံကြီး၏ Gastroenterology Packages တွင် အထူးအစီအစဉ် (၂) မျိုး ပါဝင်ပါသည်။

အစာအိမ်မှန်ပြောင်းကြည့်ခြင်း – 110,000 kyats

အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း – 130,000 kyats

သတိပြုရန်

(၁)။ ညသန်းခေါင်ယံကျော်လွန်ပြီး အစာစားခြင်း ရှောင်ကြဉ်ရပါမည်။ (ရေသောက်ခြင်းမှလွဲ၍) တစ်ချို့သောအူများစစ်ဆေးမှုတွင် ဆရာဝန်မှ လိုအပ်သော ဝမ်းနှုတ်ခြင်းအားဆောင်ရွက်ရပါမည်။

(၂)။ သွေးကျဲဆေးသောက်သုံးခြင်းအား စစ်ဆေးမှုမတိုင်ခင် ၃-၇ ရက်မျှရှောင်ကြဉ်ရပါမည်။