We Care For Everyone. Expert by Experience.

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးသည် မိခင်များအတွက် ကိုယ်ဝန်ဆောင်စဉ်ကာလမှ ကလေးမမွေးဖွားခင်၊ ကလေးမွေးဖွားပြီးနှင့် ကလေးအရွယ်ကြီးလာသည်အထိတာဝန်ယူ စောင့် ရှောက်ပေးလျက်ရှိပါသည်။ တတ်ကျွမ်းသော သားဖွားမီးယပ်အထူးကုများ၊ ကလေးအထူးကု ဆရာဝန်များ၊ သူနာပြုများ၊ အာဟာရဗေဒပညာရှင်များ၊ နို့တိုက်ကျွေးမှုပညာရှင်များ နှင့် အရိုး အကြော ပြန်လည်သန်စွမ်းပညာရှင်များမှ ပူးပေါင်း၍ မိခင်နှင့်ကလေးများအတွက် အကောင်း ဆုံးကျန်းမာရေးစောင့်ရှောက်မှုအားပေးနေပါသည်။

၂၀၁၁ ခုနှစ်တွင် ပါရမီအထွေထွေရောဂါကုဆေးရုံကြီးသည် သားဖွားမီးယပ်ဝန်ဆောင်မှု နှင့် အတူနည်းပညာမြင့် လေးဖက်မြင် အာထရာဆောင်းနှင့် နှလုံးကြည့် ဓာတ်မှန်စက်များအားစတင်ခဲ့ ပါသည်။ အများနှင့်မတူထူးခြားသော ဝန်ဆောင်မှုမှာ ပါရမီအထွေထွေရောဂါဆေးရုံကြီးသည် ကလေးအထူးကုဆေးရုံကြီးဖြစ်သည့်အတွက် ကလေးများအတွက်အထူးစိတ်ချရပြီး၊ ၂၄ နာရီ ကလေးအထူးကုဆရာဝန်ကြီးများရှိနေပါသည်။

ကိုယ်ဝန်ဆောင်မိခင်များအတွက် အထူးအစီအစဉ်၏ အကျိုးကျေးဇူးများ

မိခင်များအတွက် ဝန်ဆောင်မှု

  • အတွေ့အကြုံရှိ၊ ကျွမ်းကျင်သော သားဖွားမီးယပ်ဆရာဝန်ကြီးမှ ဆွေးနွေးပေးသည့်အပြင် မိခင်အတွက် လိုအပ်သော ကာကွယ်ဆေးဆိုင်ရာများဆွေးနွေးပေးခြင်း
  • ပိုးမွှားသန့်စင်ပြီး၊ အဆင့်မြင့်သော မွေးဖွားခွဲစိတ်ခန်းအား အသုံးပြုခြင်း
  • ၂၄နာရီ ဆေးရုံ၏ ကျွမ်းကျင်သော သားဖွားမီးယပ်အထူးကုများ၊ ဆရာဝန်များ နှင့် သူနာပြု များမှ စောင့်ရှောက်ပေးခြင်း

ကလေးငယ်များအတွက်ဝန်ဆောင်မှု

  • ၂၄ နာရီဆေးရုံ၏ ကျွမ်းကျင်သော ကလေးအထူးကုဆရာဝန်ကြီးများမှစောင့်ရှောက်ပေး ခြင်း
  • အဆင့်မီအထောက်ကူပြုစက်ကိရိယာများတပ်ဆင်ထားသော မွေးကင်းစကလေးအထူး ကြပ်မတ် ပြုစုကုသခန်းထားရှိခြင်း
  • အသားဝါသော မွေးကင်းစကလေးငယ်များအတွက် (Phototherapy)ဖြင့် ကုသပေးနိုင်ခြင်း

ပါဝင်သော ဝန်ဆောင်မှုများ

သားဖွားခန်း၊ ခွဲစိတ်ခန်း နှင့် ပုံမှန်ဆေးရုံတွင်သုံးစွဲခဲ့ရသော သာမန်ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုနှင့် ဆေးဝါးများစရိတ်

  • အတွင်းလူနာခန်းအခန်းခ နှင့် အသုံးစရိတ်
  • နေ့စဉ် သူနာပြုနှင့် ဆရာဝန်ကြည့်ရှုဝန်ဆောင်မှုစရိတ်
  • နေ့စဉ်မိခင် နှင့်ကလေးအတွက်သတ်မှတ်ပမာဏအတွင်းဝတ်စုံများလျှော်ဖွတ်ပေးခြင်း စရိတ်
  • မိခင်အတွက် မနက်စာ အစားအသောက်စရိတ်
  • ကလေးငယ်အတွက်အခမဲ့ ကျန်းမာရေးဆွေးပေးခြင်း
  • နားအကြားစစ်ဆေးပေးသည့် စက်ကိရိယာဖြင့် မွေးကင်းစကလေးနားကြား၊ မကြားအား စစ်ဆေးပေးခြင်း
  • (၁)ကြိမ် အခမဲ့ အာဟာရဗေဒ ပညာရှင်မှ ဆွေးနွေးပေးခြင်း
  • (၂)ကြိမ် အခမဲ့ ပြန်လည်သန်စွမ်းပညာရှင်မှ မိခင်များအတွက် တင်ပါးစုံကြွက်သားများသန် မာစေရန် လေ့ကျင့်ပေးခြင်း
  • ကလေးသွေးအုပ်စု အမျိုးအစားစစ်ဆေးပေးခြင်း
  • ပါရမီအထွေထွေရောဂါဆေးရုံကြီးမှ ကလေးမွေးဖွားစာရင်းထုတ်ပေးခြင်း

မပါဝင်သော ဝန်ဆောင်မှုများ

မိခင်နှင့်ကလေးတို့တွင် သာမန်မဟုတ်သော နောက်ဆက်တွဲ ကျန်းမာရေးပြသနာများ ကြောင့် ကုန်ကျသည့်စရိတ်

  • ဆေးရုံဆင်းပြီး မိမိအိမ်တွင် ဆက်လက်အသုံးပြုရန် လိုအပ်သည့် ဆေးဝါးနှင့် ဆေး  ပစ္စည်းစရိတ်များ
  • သွေးသွင်းရန်လိုအပ်ပါက အသုံးပြုရန်စရိတ်
  • လိုအပ်၍ထပ်မံပြုလုပ်ရသော စစ်ဆေးမှုများစရိတ်(ဥပမာ – သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက် ခြင်း)
  • သတ်မှတ်ထားသောဝန်ဆောင်မှုထက် ဆေးရုံတွင် ပိုနေသော အခန်းစရိတ်၊ အစားအ သောက်စရိတ်နှင့် ဝတ်စုံများလျှော်ဖွတ်မှုစရိတ်
  • မိမိ၏ သားဖွားမီးယပ်ဆရာဝန်ကြီးများ၊ ကလေးအထူးကုဆရာဝန်ကြီးများ၊ မေ့ဆေးဆရာ ဝန်ကြီးများ နှင့် လက်ထောက်ဆရာဝန်များ၏ ဉာဏ်ပူဇော်ခများနှင့် လာရောက်ကြည့်ရှု ခများ

အထူးပြုသူနာပြု ဌားရမ်းသည့်ဝန်ဆောင်မှုစရိတ်