အရည်အသွေးပြည့် စံချိန်စံညွှန်းမီ ရာသီတုပ်ကွေးကာကွယ်ဆေးများ (𝐅𝐥𝐮 𝐕𝐚𝐜𝐜𝐢𝐧𝐞) ထိုးနှံနိုင်ပါပြီ။ 📣
ရာသီတုပ်ကွေး ကာကွယ်ဆေး (𝐅𝐥𝐮 𝐕𝐚𝐜𝐜𝐢𝐧𝐞) ဘာကြောင့်ထိုးသင့်တာသလဲ❓
ရာသီတုပ်ကွေးရောဂါဆိုတာဟာ ကူးစက်လွယ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုတစ်ခုဖြစ်ပါတယ်။ ရာသီတုပ်ကွေးဖြစ်တဲ့အခါ သာမန်ဖျားနာတာနဲ့ မတူဘဲအလွန်ပြင်းပြင်းထန်ထန်ခံစားရနိုင်ပါတယ်။
ရာသီတုပ်ကွေးကြောင့် အဆုတ်ရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်းကဲ့သို့သော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများပြင်းပြင်းထန်ထန်ခံစားရနိုင်သလို အသက်သေဆုံးသည်အထိအန္တာရာယ်ရှိနိုင်ပါတယ်။ 🚨
အထူးသဖြင့်-
🌟 ကိုယ်ဝန်ဆောင်အမျိုးသမီးများ
🌟 (၅) နှစ်အောက် ကလေးငယ်များ
🌟 အသက် (၆၅) နှစ်အထက်ရှိသူများ
🌟 အာရုံကြောရောဂါခံစားနေရသော ကလေးငယ်များ
🌟 ပန်းနာရင်ကြပ်၊ နှလုံးရောဂါ၊ ဆီးချို ကဲ့သို့သော နာတာရှည်ရောဂါ အခံရှိသူများဟာ တုပ်ကွေးကြောင့် သေဆုံးနိုင်ချေပိုမိုမြင့်မားပါတယ်။
ကာကွယ်ဆေးထိုးခြင်းက
✅ ဖျားနာခြင်း လျော့နည်းစေခြင်း
✅ ပြင်းထန်မှု လျော့စေခြင်း
✅ မိသားစုနှင့် ပတ်ဝန်းကျင်ကို ကာကွယ်ပေးခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
ပြင်းထန်သောရာသီတုပ်ကွေးရောဂါကို ကြိုတင်ကွယ်ဖို့ ပါရမီအထွေထွေရောဂါကုဆေးရုံတွင် ရာသီတုပ်ကွေးကာကွယ်ဆေးများ (𝐅𝐥𝐮 𝐕𝐚𝐜𝐜𝐢𝐧𝐞) ထိုးနှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ရှင်။
ရာသီတုပ်ကွေးရောဂါဟာ တစ်နှစ်နဲ့တစ်နှစ်ကူးစက်တဲ့ ဗိုင်းရပ်စ်အမျိုးအစားချင်း မတူတာကြောင့် တုပ်ကွေးကာကွယ်ဆေးကို နှစ်စဥ် ပုံမှန်ထိုးသင့်ကြောင်း ထပ်ဆင့်တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ရှင်။
📌📌📌မြန်မာနိုင်ငံ 𝐅𝐃𝐀 အသိအမှတ်ပြု 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 ရရှိထားပြီး
𝐂𝐨𝐥𝐝 𝐂𝐡𝐚𝐢𝐧 ဖြင့်စနစ်တကျ ထားရှိသော 𝐅𝐥𝐮 𝐕𝐚𝐜𝐜𝐢𝐧𝐞 များကိုသာအသုံးပြုပါသည်။📌📌📌📌
တုပ်ကွေးကာကွယ်ဆေးထိုးလိုသူများအနေဖြင့်
☎️ 𝟎𝟗 𝟒𝟐𝟕𝟔𝟏𝟐𝟓𝟖𝟔 / 𝟎𝟗 𝟗𝟒𝟒𝟖𝟑𝟑𝟑𝟔𝟑 ☎️သို့ ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ပါတယ်ရှင်။
#ParamiGeneralHospital
#WeCareForEveryone
#fluvaccine2026
