ဒေါင်းစင်ဒရုန်းကလေးတွေဟာ 𝐏𝐡𝐲𝐬𝐢𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 (ကာယလေ့ကျင့်ခန်းကုထုံး) လုပ်ဖို့ ဘာလို့လိုအပ်တာလဲ ❓❓
𝐏𝐡𝐲𝐬𝐢𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 (ဒေါင်းစင်ဒရုန်း) ကလေးတွေဟာ ရောဂါရဲ့သဘောသဘာဝအရ ကြွက်သားတွေပျော့ပြီး မွေးဖွားလာကြပါတယ်။ ☺️
ကြွက်သားတွေပျော့တဲ့တာကြောင့် အဆစ်တွေလည်း မခိုင်ဘဲပျော့နေတတ်တဲ့အတွက် နောက်ဆက်တွဲအနေနဲ့ မတ်တပ်ရပ်တဲ့အခါ ခါးရိုး၊ တင်ပါးစုံအဆစ်၊ ဒူးခေါင်းဆစ် နဲ့ ခြေကျင်းဝတ်အဆစ်တွေ ပုံစံမကျတာ တွေ့ရပါတယ်။ 😓🦶
လမ်းလျောက်တဲ့အခါမှာလည်း ပုံစံမမှန်ပဲ ခြေထောက်တွေကားလျှောက်တာ၊ လမ်းလျှောက်ရင် မမြဲတာတွေ ဖြစ်ပါတယ်။ 🚶♂️
ဒါ့အပြင် ကလေးအသက်အရွယ်အရ ကြွက်သားဖွံ့ဖြိုးမှုတွေဖြစ်တဲ့ မှောက်ခြင်း၊ ဝမ်းလျားသွားခြင်း၊ ထိုင်ခြင်း၊ လေးဘက်သွားခြင်း၊ မတ်တပ်ရပ်လမ်းလျောက်ခြင်းတွေလည်း နောက်ကျတက်ပါတယ်။ 🐌
ကြွက်သားဖွံ့ဖြိုးမှုတွေနောက်ကျတဲ့အတွက် ပတ်ဝန်းကျင်ကို လေ့လာသင်ယူတဲ့နေရာမှာလည်း အဟန့်အတားဖြစ်စေပါတယ်။ ❌ ဒါကြောင့် ကလေးရဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုတွေ၊ ပြဿနာဖြေရှင်းမှု စွမ်းရည်တွေပါ နောက်ဆက်တွဲနောက်ကျခြင်း ဖြစ်စေနိုင်ပါတယ်။❎
များသောအားဖြင့် ဒီလိုကလေးတွေဟာ ဖွံ့ဖြိုးမှုနောက်ကျတာပဲရှိပြီး အခြားရောဂါအထွေအထူးမရှိပါက လေ့ကျင့်ခန်းကုထုံးပြုလုပ်ပေးခြင်းဖြင့်ပိုမိုကောင်းမွန်စွာဖြင့် လမ်းလျှောက်နိုင်ကြပါတယ်။✅
သို့သော် …….
📌တတ်နိုင်သလောက် ဖွံ့ဖြိုးမှုတွေ အရမ်းနောက်မကျစေဖို့၊
📌လှုပ်ရှားမှု ပုံစံတွေမှန်ကန်စေဖို့၊
📌သန်စွမ်းကျန်းမာဖို့အတွက် 𝐏𝐡𝐲𝐬𝐢𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 (ကာယလေ့ကျင့်ခန်း ကုထုံး) လုပ်ဖို့လိုအပ်ပါတယ်။
𝐏𝐡𝐲𝐬𝐢𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 (ကာယလေ့ကျင့်ခန်း ကုထုံး) ကို Down’s Syndrome (ဒေါင်းစင်ဒရုန်း) ကလေးလသားအရွယ် (၁လ/၂လ/၃လ) လောက်ကတည်းက စတင်လုပ်ဆောင်လို့ရပါတယ်။👶
စောစောလုပ်နိုင်လေ ကောင်းလေဖြစ်တာကြောင့် ကလေးအသက်အရွယ်နှင့် ညီမျှတဲ့ ကြွက်သားဖွံ့ဖြိုးမှုများရရှိနိုင်စေဖို့၊ ကြွက်သားများသန်မာလာစေဖို့ ပါရမီအထွေထွေရောဂါကုဆေးရုံမှ ကျွမ်းကျင်သော 𝐏𝐡𝐲𝐬𝐢𝐨𝐭𝐡𝐞𝐫𝐚𝐩𝐢𝐬𝐭 များမှ ကလေးငယ်လေးတွေနဲ့ အချိန်ပေးကစားရင်းနဲ့ လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်🥳💜
#WeCareForEveryone
#Paramigeneralhospital
#ExpertByExperience
#physiotherapy
