ကျန်းမာခြင်းသည်လာဘ်တစ်ပါးဆိုတဲ့ဆိုရိုးစကားအတိုင်း ကျန်းမာရေးစစ် ဆေးခြင်းဖြင့် သင်တို့၏ ကုသမှုတွက်လိုအပ်သောကုန်ကျ စရိတ်များကိုအဆ ပေါင်းများစွာ သက်သာစေနိုင်ပါတယ်။
ကာကွယ်ခြင်းသည်ကုသခြင်းထက် ပိုပြီးကောင်းမွန်ပါတယ်။
ဒါကြောင့် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးခြင်းကိုမဖြစ်မနေပြုလုပ်သင့်ပါတယ်နော်။
ကျန်းမာရေး ဆေးစစ်မှုပြုလုပ်ခြင်းကြောင့်
သင်နှင့် သင့်မိသားစုအတွက် ကျန်းမာပြီးပျော်ရွှင်တဲ့ လူနေမှုဘဝကိုလည်းရရှိနိုင် မှာ လည်းဖြစ်ပါတယ်ရှင်။
ယနေ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၉)
ရက်နေ့သည်
ကမ္ဘာ့နှလုံးကျန်းမာရေးနေ့(𝗪𝗼𝗿𝗹𝗱 𝗛𝗲𝗮𝗿𝘁 𝗗𝗮𝘆)ဖြစ်ပါသည်။
နှလုံးရောဂါအား မဖြစ်ပွါးခင် ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများကိုဖော်ပြပေးလိုက်ပါတယ်ရှင်။
သွေးပေါင်ချိန်မတက်စေရန် ဂရုစိုက်ခြင်း
ကိုလက်စထရော (Cholesterol) ပမာဏကို ထိန်းသိမ်းခြင်း
ဆီးချို၊ သွေးချိုရောဂါ မဖြစ်စေရန်အထူးဂရုစိုက်ခြင်း
ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများအား စားသုံးပြီးကိုယ်အလေးချိန်ထိန်းခြင်း
လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း
ဆေးလိပ်၊ အရက်သောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်း
စိတ်ဖိစီးမှုများခြင်းကို လျှော့ချခြင်း
အိပ်ချိန်လုံလောက်စွာရရှိစေခြင်းတို့ပဲဖြစ်ပါတယ်။
နှလုံးရောဂါအားကြိုတင်ကာကွယ်နိုင်ရန်အတွက် ပုံမှန်ကျန်းမာရေး စစ်ဆေးခြင်းကိုလည်း မဖြစ်မနေ လုပ်ဆောင်ပေးရန်လိုအပ်ပါတယ်ရှင်။