Haemodialysis ဆိုတာ 💧💧💧 ကျောက်ကပ်အတု(Dialyser)အသုံးပြု၍ ပျက်ဆီးသွားသော ကျောက်ကပ် လုပ်ဆောင်ရမည့် သွေးထဲကစုပြုံလာတဲ့ ဆီးအဆိပ်၊ သွေးအဆိပ်တွေကိုသန့်ရှင်းအောင်စစ်ထုတ်၍ ပိုလျှံလာတဲ့ဆားနှင့်ရေဓာတ်တွေကို ကျောက်ကပ်ကိုယ်စားစက်ဖြင့်သွေးသန့်စင်ပေးခြင်းဖြစ်ပါတယ်။

ဆီးချို၊သွေးချိုရောဂါကြောင့် ကျောက်ကပ်ရောင်ရမ်းလာသောအခါ တဖြည်းဖြည်း ကျောက်ကပ်ချို့ယွင်းလာပြီး

ကျောက်ကပ်၏လုပ်ဆောင်ရမည့်အလုပ်များမလုပ်နိင်တော့ဘဲ အဆုံးစွန်ပျက်စီးမူ (End Stage Renal Failure) ဖြစ်လာပါမည်။

ဤသို့ဖြစ်လာပါကကျာက်ကပ်အစားထိုးခြင်း (Kidney Transplant) ပြုလုပ်ခြင်းက အကောင်းဆုံး

နည်းလမ်းဖြစ်သော်လည်း 🤔🤔🤔 အကြောင်းအမျိုးမျိုးကြောင့် ကျောက်ကပ်အစားမထိုးနိင်သေးချိန်မှာ ကျောက်ကပ်အတုအသုံးပြု၍ စက်ဖြင့်သွေးသန့်စင်ခြင်းသည်သာ အကောင်းဆုံးကုသမူဖြစ်ပါတယ်။ 😉😉😉

  • ကလေး ငယ် များ နှင့် အစား အသောက် အန္တရာယ်!!!!!

အခု ရက်ပိုင်း အတွင်း ကလေး တွေ မှာ အသက်အန္တရာယ်ထိ ကျရောက် တတ်တဲ့ အစားအသောက်နဲ့ ဆက်စပ် နေတဲ့ ရောဂါ တစ်မျိုး ကို တွေ့လာ ရပါတယ်!

(ယခုတစ်ပတ်အတွင်းလေးယောက် တွေ့ရှိပြီးဖြစ်ပါသည်)

(၁) ဘာရောဂါလဲ??

ဒီရောဂါ ကို Acquired methemoglobinaemia လို့ခေါ်ပါတယ်!!

(၂)ဘယ်လို ကလေး တွေ မှာ ဖြစ်တာ လဲ??

ဒီရောဂါဟာ Fast food တွေ မှာ ကြာရှည်ခံအောင် အသုံး ပြုတဲ့ Nitrate ပါဝင်မှုများ တဲ့ အစား အစာ များကို စား သုံး မိတဲ့ ကလေး တွေ မှာ တွေ့ရပါတယ်! ဆေး တချို့ ကြောင့်လည်း ဖြစ်နိုင်ပါတယ်၊

အခုတလော နိုင်ငံခြား က တင်သွင်း ထား တဲ့ ကြက်အူ ချောင်း| ဝက်အူ ချောင်း အကင်စား မိတဲ့ ကလေး တွေ မှာ  အတွေ့မျာ:လာ ပါတယ်!!

(၃)ရောဂါ လက္ခဏာ တွေက ဘာတွေလဲ??

နေကောင်းကျန်းမာ နေတဲ့ ကလေး တစ်ယောက်  အထက်ပါ အစား အစာ စား မိပြီး ရုတ်တရက် ပြာ လာရင် ဒီရောဂါ ဖြစ်ဖို့ များ ပါတယ်!

ပြင်းထန်ရင် ကလေး တက်တာ၊  မှိန်း လွန်း တာ သတိလစ်တာ၊ နှလုံး ခုန်နှုန်း မမှန်တာ  အဆိုး ဆုံး က သေတဲ့ အထိဖြစ်နိုင်ပါတယ်!!

(၄)ဘာ ကြောင် အခုလို လက္ခဏာ တွေ ပြရတာလဲ!

လူတိုင်း အတွက်အောက်စီဂျင်ဟာ အလွန် အရေး ကြီး ပါတယ်! လေထုထဲက အောက်စီဂျင်ကို အဆုတ်က ရှူ သွင်း ပြီး သွေးထဲကို ပို့ ဆောင်ပါတယ်! ပြီး မှ လိုအပ်တဲ့ နေရာတွေကို သွေး ဥနီ မှာပါတဲ့ ဟီမိုဂလိုဘင် (Hb) က ပို့ဆောင်ပေးရပါတယ်! အစား အသောက်တွေမှာ ကြာရှည်ခံအောင် သုံး တဲ့ Nitrate ကြောင့် Hb ကို metHb ပုံစံသို့ ပြောင်းသွား စေ ပါတယ်!

metHb ဟာ ပုံမှန်လုပ်ရမဲ့ သွေး ထဲက Oxygen ကို လိုအပ်တဲ့ နေရာ ကို မပို့ပေး နိုင်တဲ့ အတွက် သွေးထဲမှာ  oxygen များ နေပေမဲ့ အသုံး မချနိုင်တဲ့ အတွက် ခန္ဓာကိုယ်မှာ အောက်စီဂျင် ပြတ်တောက် သွား တဲ့ အတိုင်း ( Hypoxia ) ခံစား ရတာ ဖြစ်ပါတယ်။ တနည်း အား ဖြင့် oxygen delivery system shut down ဖြစ်သွား ခြင်း ပင်ဖြစ်ပါတယ်!

မိမိကလေး မှာ အပေါ် မှာ ဖေါ်ပြထားတဲ့ လက္ခဏာ တစုံ တခုရှိရင် နီးစပ်ရာ ဆေး ခန်း မှာ ဆရာ ဝန်နှင့်အမြန်ဆုံး ပြသ စေလိုပါတယ်!

မိမိတို့ ကလေးတွေ  အန္တရာယ် မဖြစ်ရအောင် လတ်တလော အခြေအနေအရ နိုင်ငံခြား မှ လာသော ကြက်အူချောင်း ၊ ဝက်အူချောင်း အကင်စား သုံး ခြင်း ကို ရှောင်ရှား သင့်ပါကြောင်း အကြံပြုအပ်ပါတယ်။

Credit  Dr. အောင်ခင်သိန်း (ကလေးအထူးကုဆရာဝန်ကြီး)