မိမိမှာရင်သွေးလေးရှိလာပြီဆိုတာနဲ့ အစားအသောက်၊အနေအထိုင်ကစပြီး ဂရုတစိုက်နဲ့နေထိုင်ကြတာ မိခင်လောင်းများအားလုံးရဲ့တာဝန်ပဲ ဖြစ်မှာပါနော်။ 💁
ကိုယ်ဝန်ဆောင်ချိန်ဆိုတာနဲ့ဗိုက်ထဲကရင်သွေးလေးရဲ့ကျန်းမာရေး ကော မေမေလောင်းလေးရဲ့ ကျန်းမာရေးအတွက်ပါ အစစအရာရာ ဂရုပြုနေထိုင်ရမယ့်ကာလလည်းဖြစ်ပါတယ်။ဒါ့ကြောင့် မေမေတို့သိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ချိန်ကာလမှာ
ကိုယ်ဝန်ဆောင်မိခင်များအတွက် ကာကွယ်ဆေးထိုးခြင်းအကြောင်းကို မျှဝေလိုက်ပါတယ်နော်။💁💁💁
📌မေမေဗိုက်လေးတွေဟာကိုယ်ဝန်မဆောင်မှီ၊ကိုယ်ဝန်ဆောင်စဉ်နှင့် ကိုယ်ဝန်ဆောင်ပြီးကာလတွေမှာ မဖြစ်မနေကာကွယ်ဆေးထိုးဖို့လိုအပ်ပါတယ်။📌
📌Before Pregnancy(ကိုယ်ဝန်မဆောင်မှီ)
မေမေတို့အနေနဲ့ကိုယ်ဝန်စဆောင်မယ်လို့ဆုံးဖြတ်တဲ့အချိန်ကစပြီး
💚Measles-mumps-rubella(MMR)
(ဝက်သက်၊ပါးချိတ်ရောင်နာ၊ဂျာမန်ဝက်သက်ကာကွယ်ဆေး)နှင့်
💚Hepatitis B(အသည်းရောင်အသားဝါ ဘီကာကွယ်ဆေး)တို့ကိုထိုးထားသင့်ပါတယ်နော်။
ဒီလိုထိုးထားခြင်းဖြင့်လည်း မိမိရဲ့ရင်သွေးလေးကိုမွေးရာပါချို့ယွင်းမှုမဖြစ်အောင်ကာကွယ်နိုင်တဲ့အပြင်မွေးရာပါအသည်းဝါနှင့်နာတာရှည်ရောဂါမဖြစ်အောင်ပါကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။
📌During Pregnancy(ကိုယ်ဝန်ဆောင်စဉ်)
ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာမေမေတို့အနေနဲ့
❤️Influenza flu vaccine(တုပ်ကွေးကာကွယ်ဆေး)နှင့်
❤️Tetanus-Diphtheria-acellular pertussis (Tdap)လို့ခေါ်တဲ့ (ဆုံဆို့နာ၊မေးခိုင်ရောဂါ၊ ကြက်ညှာချောင်းဆိုးကာကွယ်ဆေး) တို့ကိုထိုးထားရပါမယ်နော်။
ဒါမှလည်းစောစီးစွာကလေးမီးဖွားခြင်း၊မိခင်နဲ့ကလေးဖျားနာခြင်းမဖြစ်အောင်ကာကွယ်ခြင်းအပြင် ကလေးငယ်များမှာအသက်ရှူခက်ခဲပြီး၊ ပြင်းထန်သည့်ကြက်ညှာချောင်းဆိုးဖြစ်ခြင်းမှလည်းကာကွယ်နိုင်မည်ဖြစ်ပါတယ်ရှင်။
📌After Pregnancy(ကိုယ်ဝန်ဆောင်ပြီး)
ကိုယ်ဝန်ဆောင်ပြီးအချိန်မှာတော့မေမေများအနေနဲ့
🧡Tetanus-Diphtheria-acellular pertussis (Tdap)လို့ခေါ်တဲ့ (ဆုံဆို့နာ၊မေးခိုင်ရောဂါ၊ ကြက်ညှာချောင်းဆိုးကာကွယ်ဆေး) ၊
🧡Varicella လို့ခေါ်တဲ့ (ရေကျောက်ကာကွယ်ဆေး)နှင့်
🧡Measles-mumps-rubella(MMR) လို့ခေါ်တဲ့
(ဝက်သက်၊ ပါးချိတ်ရောင်နာ၊ဂျာမန်ဝက်သက်ကာကွယ်ဆေး) တို့ကိုထိုးထားဖို့လိုအပ်ပါကြောင်းဗဟုသုတအနေနဲ့ ရေသားဖော်ပြလိုက်ရပါတယ်ရှင်။