အထူးသဖြင့် ရာသီဥတုအပြောင်းအလဲဖြစ်သော နွေရာသီ၊ မိုးရာသီအကူးအပြောင်းတွင် ကလေးများသည် ဖှုန်မှုန့်များ၊ အနံ့များကြောင့် Allergy ခေါ် ဓာတ်မတည့်ခြင်း၊ Asthma ခေါ် ပန်းနာရင်ကျပ်ခြင်းများဖြစ်စေပါသည်။

🚨ကုသမှုပုံမှန်မပြုလုပ်ပါက ကလေးများအတွက်အသက်အန္တရာယ်ရှိသည်အထိဖြစ်စေနိုင်ပါသည်။

👉🏻Allergy ဓာတ်မတည့်မှုဖြစ်စေသောအရာများ-

– သစ်ပင်၊ မြက် နှင့် အပင်များမှ အမှုန်

– ရာဘာအသား

– ဖုန်အမှုန့်

– တိရိစ္ဆာန်မှ အညစ်အကြေး၊ အရေပြားနှင့်ထိတွေ့ခြင်း၊ အရေပြားမှ အဆီ

– အစားအသောက်

– ဆေးဝါး

– အမွှေးအမျှင်

– ပျားတုပ်ခံရခြင်း

– ပိုးကောင်စသည့် ပိုးဟပ်၊ ကြွက်

👉🏻Allergy ဓာတ်မတည့်မှု၏ရောဂါလက္ခဏာများ

– နှာချေခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ နှာခေါင်း/နားရွက်များယားယံခြင်း

– မျက်စိနာခြင်း၊ နီခြင်း၊ ယားယံခြင်း

– အရေပြားခြောက်ခြင်း၊ နီခြင်း၊ ယားယံခြင်း

– ယားယံအနီအဖု၊အပိန့်တွေထွက်ခြင်း

– ယားယံအနီကွက်တွေထွက်ခြင်း

– Asthma ခေါ် ပန်းနာရင်ကျပ်ဖြစ်စေခြင်း

– Anaphylaxis ခေါ် အသက်အန္တရာယ်ရှိသော ပြင်းထန်ဓာတ်မတည့်ရောဂါဖြစ်ခြင်း (အသက်ရှုခက်ခဲခြင်း၊ အန်ခြင်း၊ သွေးပေါင်ကျခြင်း၊ မူးလဲခြင်း နှင့် နောက်ဆုံးသေဆုံးခြင်း)

➡️ကလေးများတွင် Asthma ခေါ် ပန်းနာရင်ကျပ်ရောဂါ အားအသက်အရွယ်ငယ်ငယ်ကတည်းဖြစ်စေနိုင်ပါသည်။ Asthma သည် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းအားရောင်ရမ်းစေပါသည်။ သေချာကုသမှုမခံယူကပါကအသက်ဆုံးရှုံးသည်အထိဖြစ်နိုင်ပါသည်။

👉🏻Asthma ပန်းနာရင်ကျပ် ဖြစ်စေသောအရာများ

– မွေးရာပါဖြစ်ခြင်း

– ​မိဘတွင် ပန်းနာရင်ကျပ်ရှိခြင်း

– အသက်ငယ်ငယ်တွင်အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း

– ဆေးလိပ်နံ့၊ မသန့်သောလေရှူမိခြင်း

– Virus ပိုးကြောင့်ဖြစ်ခြင်း

– Allergy ဖြစ်စေသော ဖုန်မှုန့်၊ ပန်းအနံ့ကြောင့်ဖြစ်ခြင်း

– အအေးမိခြင်း၊ ရာသီဥတုအေးခြင်း

👉🏻Asthma ပန်းနာရင်ကျပ်၏ ရောဂါလက္ခဏာများ

– Virus ပိုးကြောင့် (သို့) ရာသီဥတုအေးခြင်းကြောင့်မကြာခဏချောင်းဆိုးခြင်း

– အသက်ရှူလျှင် အသံ”ရွှီရွှီ” လို့ကြားရခြင်း

– အသက်ရှူမဝခြင်း

– ရင်ဘက်ကျပ်သလိုခံစားရခြင်း

✅ကလေးငယ်များအတွက်ကြိုတင်စစ်ဆေးကုရန်လိုအပ်ပါသည်။ Allergy နှင့် Asthma အား မဖြစ်နိုင်အောင်နှင့် ဖြစ်မှုနည်းရန် ကြိုတင်ကာကွယ်ရန်လိုအပ်ပါသည်။