We Care For Everyone. Expert by Experience.

နား၊နှာခေါင်း နှင့် လည်ချောင်းအထူးကုဌာန

ပါရမီအထွေထွေရောဂါကုဆေးရုံကြီး၏ နား၊နှာခေါင်းနှင့် လည်ချောင်းအထူးကုဌာနသည် လူကြီးနှင့်ကလေးလူနာများအတွက် တစ်နေရာတည်းတွင် ပြီးပြည့်စုံသည့် စစ်ဆေးမှု၊ စမ်းသပ်မှုများပေးသည့်အပြင်  သက်ဆိုင်သည့် ဦးခေါင်း၊ လည်ပင်း ၊ နားရွက် ၊ နှာခေါင်း နှင့် လည်ချောင်းတို့ကို သေချာ စစ်ဆေးပေးနေပါသည်။

နား ၊နှာခေါင်း နှင့် လည်ချောင်းအထူးကုဆရာဝန်ကြီးများမှ အသက်အရွယ်မရွေး မွေးကင်းစမှ အသက်အရွယ်ကြီးရင့်သည့်အရွယ်အထိ ကုသမှုပေးနေပါသည်။ နောက်ဆုံးပေါ် မှန်ပြောင်း ၊ နား၊ နှာခေါင်း နှင့် လည်ချောင်းကြည့် မှန်ပြောင်းများဖြင့် ပြင်ပ လူနာဌာနတွင် စစ်ဆေးကုသမှုများ ပေးနေပါသည်။

ဝန်ဆောင်မှုများ

၁။ နား၊နှာခေါင်း နှင့်လည်ချောင်းဆိုင်ရာကုသဝန်ဆောင်မှု

နားနှင့်ပတ်သက်သည့်ရောဂါများဖြစ်သော

  • နားမကြားခြင်း ၊ နားလေးခြင်းဖြစ်စေသောရောဂါ
  • ကလေးငယ်များတွင်အဖြစ်များသော နားတွင်း ရေကြောင့် ပိတ်ခြင်း
  • အသက်အရွယ်ကြောင့်နားမကြားခြင်း
  • နားထဲတွင် အသံမြည်သံကြားခြင်း
  • ခေါင်းမူး၊ ခေါင်းကိုက်ပုံမှန်ဖြစ်ခြင်း၊ ပတ်ဝန်းကျင်ချာချာလည်သလိုမူးခြင်း
  • နားထဲ ပိုးဝင်ခြင်း
  • နားစည်ပေါက်ခြင်း၊ နားအတွင်း အသားစအလုံးဖြစ်လာခြင်း
  • နားရွက်အရေပြားပုံမှန်ထက်ရှည်ခြင်း

နှာခေါင်းနှင့်ပတ်သက်သည့်ရောဂါများဖြစ်သော

  • နှာခေါင်းတွင်းပိုးဝင်ခြင်း၊ မျက်နှာအတွင်းရှိလေအိပ်များတွင်ပိုးဝင်ခြင်း(ကလေးများတွင်ဖြစ်တတ်ပါသည်)
  • နှာခေါင်းနံရံတွင်းထိခိုက်ပြီးသွေးထွက်ခြင်း
  • နှာခေါင်းတွင် အလုံးရှိနေခြင်း
  • နှာခေါင်းပေါ်တွင် အကျိတ်ရှိနေခြင်း
  • နှာခေါင်းတွင် ပိတ်ဆို့နေခြင်း
  • အနံ့ မခံနိုင်ခြင်း၊ အနံ့ပျောက်ဆုံးခြင်း

လည်ချောင်းနှင့်ပတ်သက်သည့်ရောဂါများဖြစ်သော

  • နှာခေါင်းတွင်း လည်ချောင်းကြားရှိ Adenoid Glands ရောင်ခြင်း
  • အာသီးရောင်ခြင်း
  • အသံဝင်ခြင်းနှင့် လည်ချောင်းရောင်ခြင်း
  • အစာမျိုရန်ခက်ခဲခြင်း
  • အထက်အသက်ရှုလမ်းကြောင်းပြသနာရှိခြင်း
  • ဟောက်ခြင်း၊ အိပ်ရေးမဝခြင်းရောဂါများ

၂။ ဦးခေါင်းနှင့် လည်ပင်းနှင့်ပတ်သက်သည့် ရောဂါများဖြစ်သော

  • ပါးစပ်၊ ပါးစောင်၊ ခံတွင်း၊ လည်ချောင်း၊ အသံအိုး၊ သွားရည်အိတ်၊ နှာခေါင်းတွင်း နှင့် မျက်နှာတွင်းရှိလေအိတ်များတွင်ကင်ဆာရောဂါဖြစ်ခြင်း
  • ဟော်မုန်းဓာတ်ထုတ်ပေးသည့်သိုင်းရွိုက်နှင့်ပါရာသိုင်းရွိုက်များတွင်ရောဂါဖြစ်ခြင်း
  • မျက်နှာတွင် အနာ၊အမာရွတ်နှင့် ကင်ဆာအလုံးဖြစ်ခြင်း)

၃။ နား၊နှာခေါင်းနှင့်လည်ချောင်းဆိုင်ရာခွဲစိတ်ဝန်ဆောင်မှုများ

  • နားဆိုင်ရာခွဲစိတ်မှု
  • နားစည်အတွင်းအပေါက်သေးဖောက်၍နားတွင်လေဖိအား ကိုထိန်းညှိပေးမှု
  • အာသီးခွဲစိတ်မှု
  • နှာခေါင်းအတွင်း နှာအရိုးနုအားဖြောင့်အောင်ခွဲစိတ်ပြုပြင်ပြီး၊ အသက်ရှုဝအောင်ခွဲစိတ်မှု
  • မှန်ပြောင်းဖြင့်လည်ချောင်းရှိအသံအိုးအားကြည့်ခြင်း၊အသားစယူခြင်း
  • မှန်ပြောင်းဖြင့် အစာမြိုလမ်းကြောင်းအားကြည့်ခြင်း၊ အသားစယူခြင်း
  • မှန်ပြောင်းပိုက်ဖြင့် နှာခေါင်းတွင်း အရည်အိတ်၊လေအိတ်များခွဲစိတ်မှု
  • နားအတွင်း အသားပို၊ အရည်အိတ်အားခွဲစိတ်မှု
  • လည်ပင်းတွင်အလုံးဖြစ်ခြင်း၊ သွားရည် ဂလန်းများတွင် ကင်ဆာအလုံးအားခွဲစိတ်မှု
  • အသက်ရှုနိုင်ရန် လည်ချောင်းတွင်အပေါက်ဖောက်ခွဲစိတ်မှု
  • နှာခေါင်းတွင်း အရည်အိတ်၊ လေအိတ်များတွင် ပိုးဝင်၍ ခွဲစိတ်မှု
  • လည်မြို၊ လည်ချောင်းတွင်း အသား၊ အလုံးခွဲစိတ်မှု
  • ဦးနှောက်နှင့် လည်ပင်းဆိုင်ရာခွဲစိတ်မှု
  • ဟော်မုန်းထုတ်ပေးသည့် သိုင်းရွိုက်နှင့် ပါရာသိုင်းရွိုက်ဂလန်းများခွဲစိတ်မှု

 

Our Doctors

A.P. Win Tin

M.B.,B.S, DLO, M.Med.Sc (ENT), FICS, PAKAR TELINGA HIDUNG TIKAT NSR No. 134176 University Malaysia Sabah, Kota Kinabalu Sabah

ENT Specialist

Make an Appointment

A.P. Yin Yin Htwe

Paediatric Otorhinolaryngologist, Ear, Nose & Throat Department, University of Medicine (1)

ENT Specialist

Make an Appointment

Dr. Aye Aye Lun

M.B.,B.S, M.Med.Sc (ENT), Dr.Med.Sc (ORL),

ENT Specialist

Make an Appointment

Dr. Myo Min Tun

M.B.,B.S, M.Med.Sc (ENT)

ENT Specialist

Make an Appointment

Dr. Thet Tin

M.B.,B.S, M.Med.Sc (ENT), Dr.Med.Sc (ORL HNS)

Lecturer Consultant , ENT Surgeon

Make an Appointment

Dr. Thi Thi Myint

M.B.,B.S, M.Med.Sc (ENT)

ENT Specialist

Make an Appointment

Dr. Zaw Min

M.B.,B.S, DLO, M.Med.Sc (ENT)

ENT Specialist

Make an Appointment

Prof. Phone Myint Htun

M.B.,B.S, M.Med.Sc (ENT), MRCS (Edin), Dr.Med.Sc (ENT), MRCS (Edin)

Consultant Surgeon, Ear, Nose & Throat ENT Surgeon

Make an Appointment

Prof. Thein Htun

M.B.,B.S, DLO, M.Med.Sc (ENT), FRCS (Edin) (Otolaryngology)

ENT Specialist

Make an Appointment