We Care For Everyone. Expert by Experience.

ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးနှင့် လေ့ကျင့်ရေးဌာန

ပါရမီအထွေထွေရောဂါကုဆေးရုံကြီး၏ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးနှင့်လေ့ကျင့်ရေးဌာနသည် ၂၀၁၁ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး၊ တတ်ကျွမ်းသော ပြန်လည်သန်စွမ်းရေးကုသမှုပညာရှင်များမှ အကောင်းဆုံးနည်းပညာဖြင့် ကုသမှုပေးနေလျက်ရှိပါသည်။ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးပညာရပ်သည် ထိခိုက်ဒဏ်ရာကြောင့်သော်လည်းကောင်း၊ နာမကျန်းမှုကြောင့်သော်လည်းကောင်း၊ မွေးရာပါကိုယ်လက်အင်္ဂါမသန်စွမ်းမှုကြောင့် ဖြစ်စေသော လုပ်ရှားမှုကြွက်သားများကို ပုံမှန်အတိုင်း ပြန်လည်ဖြစ်အောင် ဆောင်ရွက်ပေးပါသည်။ ထို့အပြင် နောင်တွင် ပြန်လည်မဖြစ်အောင် ပုံမှန်လေ့ကျင့်ခန်းဆောင်ရွက်ရန် လိုအပ်ပါသည်။

ကျွန်တော်တို့၏ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးနှင့် လေ့ကျင့်ရေးကုသပညာရှင်များသည် လူကြီးနှင့် ကလေးများပါ ကုသမှုပေးပါသည်။ အထူးသဖြင့် ကလေးများ၏ ပြန်လည်သန်စွမ်းရေးကုသမှုသည် ရန်ကုန်တွင် ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုသမှုပေးပါသည်။ ပြန်လည်သန်စွမ်းရေးကုသမှု ပညာရှင်များမှ လူနာတစ်ဦးချင်းစီအတွက် သင့်တော်မှန်ကန်ပြီး နိုင်ငံတကာ စံညွှန်းအတိုင်း လေ့ကျင့်သင်ကြားပေးနေပါသည်။

ဝန်ဆောင်မှုများ

၁။ လူကြီးများအတွက် ပြန်လည်သန်စွမ်းရေး

  • ခန္ဓာကိုယ်ရှိကြွက်သားများ၊အရွတ်များကြောင့်ဖြစ်တတ်သော နာကျင်ကိုက်ခဲမှုများ
  • ကျီးပေါင်းကြောင့် ဖြစ်သောနာကျင်ကိုက်ခဲမှုများ
  • အရိုးကျိုးပြီးနောက် ကြွက်သားများပြန်လည်သန်စွမ်းပြီး အဆစ်များပုံမှန်လှုပ်ရှားလာနိုင်အောင်လေ့ကျင့်ပေးခြင်း
  • လေဖြတ်ပြီး နောက်ဖြစ်ပေါ်လာသော နောက်ဆက်တွဲမသန်စွမ်းမှုများ
  • လေဖြန်းပြီး မျက်နှာတစ်ြ်ခမ်းရွဲ့နေခြင်း နှင့် မျက်နှာကြွက်သားများအားနည်းခြင်း
  • ကိုယ်ဝန်ဆောင်နှင့်မီးဖွားပြီး မိခင်များအတွက် လေ့ကျင့်ခန်းများ
  • အသက်အရွယ်အိုမင်းမှုကြောင့် ဖြစ်သော မသန်စွမ်းမှုများ

၂။ ကလေးများအတွက် ပြန်လည်သန်စွမ်းရေး

  • ဦးနှောက်ထိခိုက်မှုကြောင့် ဖြစ်သော မသန်စွမ်းမှုများ
  • ခန္ဓာကိုယ်ကြွက်သားဖွံ့ဖြိုးမှုနောက်ကျခြင်းများ
  • Down’s Syndrome ရောဂါတွင်ဖြစ်သော ခန္ဓာကိုယ်ကြွက်သားဖွံ့ဖြိုးမှုနောက်ကျခြင်းများ
  • ကြွက်သားရောဂါများ
  • မွေးရာပါခေါင်းစောင်းခြင်း

 

Our Doctors

Daw Kay Khine Kyaw

B.Med.Tech (Physiotherapy)

Senior Physiotherapist

Make an Appointment

Daw Khine Hsu Wai

B.Med.Tech (Physiotherapy)

Chief Supervisor Physiotherapist

Make an Appointment