We Care For Everyone. Expert by Experience.

စကားပြောကုထုံး နှင့် ဘာသာစကားကုသမှု ဝန်ဆောင်မှု

ပါရမီအထွေထွေရောဂါကုဆေးရုံကြီး၏ စကားပြောကုထုံးစစ်ဆေးခြင်းနှင့်ဘာသာစကားစစ်ဆေးခြင်း ဝန်ဆောင်မှုသည် မြန်မာနိုင်ငံ၏ ပထမဆုံးစင်တာအဖြစ် တည်ထောင်ခဲ့ပါသည်။ အိန္ဒိယနိုင်ငံမှ ကျွမ်းကျင်သော စကားပြောကုထုံးပညာရှင်ဖြစ်သည့် Ms. Piyali Mitra နှင့် ပါရမီအထွေထွေရောဂါကုဆေးရုံကြီး၏ ကုထုံးပညာရှင်များ ပူးပေါင်းပြီး လူကြီးနှင့်ကလေးငယ်များတွင် ဖြစ်တတ်သော စိတ်ပညာဆိုင်ရာအခက်အခဲများ၊ နားမကြားခြင်းကြောင့် စကားပြောနောက်ကျခြင်းနှင့်စကားထစ်ခြင်းဆိုင်ရာများကို ကုသမှုပေးနေပါသည်။

ကလေးငယ်များနှင့်လူငယ်များတွင် စကားနှင့်ဘာသာရပ်စကားပြောခြင်းဆိုင်ရာများကို စစ်ဆေးခြင်းနှင့် ရှာဖွေပေးခြင်းများ ဆောင်ရွက်သည့်အပြင် စကားပြောခက်ခဲခြင်းနှင့် အစာမျိုချရန်ခက်ခဲခြင်းများအား သေချာစစ်ဆေးကုသမှု ပေးနေပါသည်။

လူနာတစ်ဦးတစ်ယောက်ချင်းစီအလိုက် လိုအပ်သော စကားပြောဆိုခြင်း၊ ဘာသာစကားဆက်သွယ်ပြောဆိုခြင်းဆိုင်ရာ ပန်းတိုင်များကို ချမှတ်ပေးပြီး၊ ထိုပန်းတိုင်များကို ဦးတည်သောကုသလေ့ကျင့်မှုမျိုးမြောက်များစွာ ပါဝင်ပါသည်။

ဝန်ဆောင်မှုများ

စကားပြောကုထုံးစစ်ဆေးခြင်းနှင့်ဘာသာစကားစစ်ဆေးခြင်းဝန်ဆောင်မှုများတွင်

  • စကားပြောမပီသခြင်း
  • စကားထစ်ခြင်း
  • စကားပြောနောက်ကျခြင်း
  • ဘာသာစကားနားလည်မှုနှင့်ဖော်ပြတတ်မှုဆိုင်ရာအခက်အခဲများ
  • သင်ယူမှုခက်ခဲခြင်း
  • နှုတ်ခမ်းကွဲအာဂေါင်ကွဲကြောင့်စကားပြောမပီသခြင်း
  • နားအကြားအာရုံချို့တဲ့ခြင်း
  • ပါးစပ်ကြွက်သားများအားနည်းခြင်း
  • အစာစားခြင်းနှင့်အစာမျိုခြင်းဆိုင်ရာအခက်အခဲများ
  • ဦးနှောက်ထိခိုက်မှုကြောင့် ဖြစ်သောစကားပြောဆိုမှုဆိုင်ရာအခက်အခဲများ
  • အသံဝင်ခြင်းနှင့်အသံပိုင်းဆိုင်ရာအခက်အခဲများ
  • ဦးနှောက်ဖွံ့ဖြိုးမှုနှောင့်နှေးစေသောမွေးရာပါလက္ခဏာများ

Our Doctors

Daw Cinn Khan Maan

Med, MA, ccc-SLP, LSVT (Certified), Buteyko trained

Speech Language Pathologist

Make an Appointment