We Care For Everyone. Expert by Experience.

ကျွန်ုပ်တို့အကြောင်း

ပါရမီအထွေထွေရောဂါကုဆေးရုံကြီး

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးသည် ၂၀၁၀ ခုနှစ်မှစတင်၍ ပထမဆုံးပုဂ္ဂလိက မိခင် နှင့် ကလေးအထူးကုဆေးရုံအဖြစ် စတင်ခဲ့ပါသည်။ လိုအပ်ချက်ရှိလာသော မြန်မာနိုင်ငံ၏ ကျန်းမာရေး အခန်းကဏ္ဏအား ဖြည့်ဆည်းနိုင်ရန် နှင့် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှု ဖြစ်အောင် အမြဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ အကောင်းဆုံးကျန်းမာရေးဝန်ဆောင်မှုဖြစ်စေရန် Royal Parami Life Sciences Co., Ltd မှ ဒါရိုက်တာ အုပ်ချုပ်ရေးအဖွဲ့ (BOD) မှ ဦးဆောင်၍ လူနာ၏ ကျန်းမာရေးဝန်ဆောင်မှု နှင့် ယုံ ကြည်စိတ်ချရပြီး၊ အရည်အသွေးကောင်းသော ဆေးရုံအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၁ ခုနှစ် မှစတင်၍ ပါရမီဆေးရုံကြီးသည် အထွေထွေရောဂါကုဆေးရုံကြီးအဖြစ်သို့ ဝန် ဆောင်မှုတိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။ ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှ အတွေ့အကြုံရှိအထူးကုဆရာဝန်ကြီးများ ဖြစ်သည့် သား ဖွားမီးယပ်အထူးကု၊ ကလေးအထူးကု၊ အရိုးအကြောအထူးကု၊ အထွေထွေရောဂါအထူးကု၊ ခွဲစိတ် အထူးကုနှင့် ဓာတ်မှန်ဗေဒ နှင့် ဓာတ်ခွဲဆိုင်ရာ အထူးကုသမားတော်ကြီးများနှင့် ပူးပေါင်းကာ လူနာများအတွက် ဘက်ပေါင်းစုံမှ ပြည့်စုံစိတ်ချရပြီး၊ အရည်အသွေးမြင့် စက်ပစ္စည်းများဖြင့် ကုသ ပေးနေပါသည်။ တစ်နေရာတည်းတွင် အဆင့်မြင့်ပြီး၊ စက်ပစ္စည်းများစုံလင်ကာ တတ်ကျွမ်းသောဆရာဝန်ကြီးများ၊ အကောင်းဆုံးဝန်ဆောင်မှုများပေးသဖြင့် ပါရမီအထွေထွေရောဂါကုဆေးရုံကြီးအနေဖြင့် လူနာများ အတွက် ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရပြီး၊ စိတ်ချမ်းသာ စေရန် တာဝန်ယူဆောင်ရွက်ပေး ပါသည်။

ဆောင်ပုဒ်

မေတ္တာတရား၊ မိသားစုစိတ်ထား၊ အရည်အသွေးမြင့်မား၊ ပါရမီအထွေထွေရောဂါကုဆေးရုံ ကြီး၏ ပြီးပြည့်စုံသည့် ဝန်ဆောင်မှုများ

အနာဂတ်ရုပ်ပုံလွှာအမြင်

ဦးဆောင်နိုင်ငံတကာ အဆင့်မီ ဆေးရုံကြီးတစ်ခုအဖြစ် အမျိုးသမီးနှင့် ကလေးရောဂါများအား ကုသစောင့်ရှောက်မှု ပေးရာတွင် နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာနှင့်ပစ္စည်းများကို အသုံး ပြုလျက်ပထမတန်းစား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအသွယ်သွယ်ဖြင့် လူနာများအား လုံးသက်တောင့်သက်သာ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိစေရေးနှင့် ရပ်တည်နိုင်ရေး။ လူနာများအားလုံး၏ ရောဂါများကိုရှာဖွေပေးရာ၌အဆင့်မြင့်ပြီး တိကျမှန်ကန်ယုံကြည်စိတ်ချရ သော ရောဂါရှာဖွေရေး လုပ်ငန်းတစ်ခုအဖြစ် နောက်ဆုံးပေါ်နည်းပညာနှင့် စက်ပစ္စည်းများကို အသုံးပြုသော အဆင့်မြင့် ဓာတ်ခွဲခန်းကြီးအဖြစ် ရပ်တည်ရှင်သန်ရေး။

ပြဌာန်းချက်များ

မိခင်နှင့်ကလေးများအတွက် မိသားစုစိတ်အပြည့်အဝဖြင့် အကောင်းဆုံးကျန်းမာရေးဝန်ဆောင်မှု ပေးရာတွင် ဦးဆောင်မှု အခန်းကဏ္ဏ မှ ပါဝင်ရေး။ မိခင်နှင့်ကလေးများအတွက် ကျန်းမာရေစောင့်ရှောက်မှုပေးရာတွင် အဆင့်မြင့်ကုသမှုများသာမက လူနာများသည် အရေးကြီးဆုံးဦးစားပေးပုဂ္ဂိုလ်များအဖြစ်သတ်မှတ်ကာ ထူးခြားထင်ရှားသည့် ကျန်းမာရေးဝန်ဆောင်မှုဖြစ်ရေး။ ကျန်းမာရေးဝန်ဆောင်မှုအဘက်ဘက်တွင်လည်း သာယာချမ်းမြေ့သည့် ပတ်ဝန်းကျင်ဖြစ်စေရေး။ နိုင်ငံတကာအဆင့်မီ နောက်ဆုံးပေါ်စက်ပစ္စည်းများ တပ်ဆင်အသုံးပြုပြီး ကျန်းမာရေးဝန်ဆောင်မှု များဆောင်ရွက်ရာတွင် မိခင်နှင့်ကလေးများအတွက် သာမက လူသားအားလုံးအတွက်ဖြစ်စေရေး။

တန်ဖိုးများ

  • Integrity – ဆေးပညာကျင့်ဝတ်သိက္ခာအရ တန်ဖိုးအမြင့်ဆုံးစိတ်ဓာတ်ဖြင့် ဆက်ဆံပြုမူရန်။
  • Compassion – ကိုယ်ချင်းစာနာစိတ်၊ မေတ္တာစိတ်ထား၍ လူသားအားလုံး၏ကျန်းမာရေးဝန်ဆောင် မှုများကို အချိန်ပြည့်ဆောင်ရွက်ရန်။
  • Professionalism – အကောင်းဆုံးဝန်ဆောင်မှု၊ အကောင်းဆုံးဆေးရုံပတ်ဝန်းကျင်တွင်အကောင်း ဆုံးရလဒ်များ ရရှိရေး ဆောင်ရွက်ခြင်း ဖြင့် အသက်မွေးဝမ်းကျောင်းပညာရှင်များပီသစွာပြသရန်။
  • Respect – လူတိုင်းအပေါ်တန်ဖိုးထားမျှမျှတတစိတ်ဖြင့် လေးစားရန်။
  • Rapport – လူတိုင်းနှင့်သော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း အပြန်အလှည် လေးစားခြင်း နှင့်မျှဝေခံစားခြင်းတို့ကိုပြည်တွင်းပြည်ပနှစ်ရပ်လုံး၌ ကျင့်သုံးသွားရန်။
  • Social Responsibility – လူမှုပတ်ဝန်းကျင်ကို အကျိုးပြုနိုင်ရေးအတွက် တာဝန်တစ်ရပ်အနေဖြင့် ထမ်းဆောင်ရန်။

Specialist Doctors

Experienced Doctor

Dr. Mya Mya Hlaing
M.B.,B.S (Ygn), M.Med.Sc (Surg), MRCSED, Dr.Med.Sc (Paed. Surg) Paediatric General Surgeon (Require Advance...
Make An Appointment
Dr. Khine Zar Maung
M.B.,B.S, M.Med.Sc (Paed), Dr.Med.Sc (Neonatology) Neonatologist Saturday & Sunday – 4:30 pm to 5:30...
Make An Appointment
Dr. Zaw Win Moe
M.B.,B.S, M.Med.Sc (Paed), Dr.Med.Sc (Neonatology), Fellowship in Neonatology (Malaysia) Senior Consultant...
Make An Appointment
Dr. L. Ja Yung
M.B.,B.S, M.Med.Sc (Paed), MRCPCH (UK), Fellowship in Paediatric Cardiology (Singapore), (Consultant...
Make An Appointment
Dr. Hnin Thuzar Aung
M.B.,B.S, M.Med.Sc (Paed), DCH (London), MRCPCH (UK), FRCP (Edin), Diploma in Allergy & Asthma, C.M.C,...
Make An Appointment
Prof. Nyo Nyo Win
M.B.,B.S, M.Med.Sc (Surg), Dr. Med.Sc (Paed) Paediatric General Surgeon Monday to Sunday – 4:00 pm (Require...
Make An Appointment
Prof. Khin Maung Oo
M.B.,B.S, M.Med.Sc (Paed), MRCPCH (UK), FRCP (Edin), FACC (Singapore), Consultant (Paediatric Cardiology)...
Make An Appointment
Prof. Htoo Han
M.B.,B.S, M.Med.Sc (Surg), FRCS (Edin) Paediatric General Surgeon Monday to Sunday – 11:00 am
Make An Appointment
WHY CHOOSE US

We offer the full complement of diagnosis, treatment, and reliable services.

Best Paediatric Children Hospital in Myanmar

With More than 12 years of Experiences in Children’s health and one of a leading First Private Children Hospital in Myanmar.

Advanced Use of Modern Technology

Invested in New Technology and Research to attain reliable and accurate health diagnosis.

Success Of Treatment

By providing Multi-disciplinary approach to patient care, our treatments can assure for success in achieving best outcome.

Make An Appointment