We Care For Everyone. Expert by Experience.

ကျွန်တော်တို့၏ တန်ဖိုးရှိလှသော လူနာများသို့

ကျွန်တော်တို့အနေဖြင့် ဆေးရုံသို့ လာရောက်သော လူနာများ၊ ဧည့်သည်များ နှင့်အခြားသော မိတ်ဆွေများ၏ တန်ဖိုးရှိလှသော အကြံပြုချက်များအား သိရှိလိုပါသည်။

အောက်ပါ အကြံပြုချက် Form အားဖြည့်စွက်၍ လိုအပ်သော ပြင်ဆင်မှုများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ပါရန် လေးစားစွာ တောင်းခံအပ်ပါသည်။

  • ဝန်ဆောင်မှုများ – ဆေးရုံ၏ ဝန်ဆောင်မှုပိုင်းဆိုင်ရာ အားနည်းမှုအားတိုးတက် လာစေရန် အကြံပြုနိုင်ပါသည်။
  • ဆေးကုသမှုများ – ဆေးရုံ၏ ဆေးကုသမှု ၊ ဆေးကုသရာတွင်စောင့်ထိန်းရမည့် ကျင့်ဝတ် ဆိုင်ရာ များအား ဆေးရုံ၏ အုပ်ချုပ်ရေးကော်မတီအဖွဲ့ သို့ သိရှိစေရန် အကြုံပြုနိုင်ပါသည်။
  • လုံခြုံစိတ်ချမှုများ – ဆေးရုံပတ်ဝန်းကျင် လုံခြုံ မှု ၊သန့်ရှင်းမှု နှင့် ဆေးခန်းများ အန္တရာယ် ကင်းသော ပတ်ဝန်းကျင်ဖြစ်လာစေရေးအတွက် အကြုံပြုနိုင်ပါသည်။

ပူးတွဲပါ အကြံပြု Form အားဆေးရုံ၏ လူနာဝန်ဆောင်မှုဌာန မှ ပုံမှန်ကောက်ယူလျက်ရှိပြီး၊ သက်ဆိုင်ရာဌာနသို့ ဆောင်ရွက်နိုင်ရန် ပူးပေါင်းလျက်ရှိပါသည်။

မိမိ၏အကြံပြုချက်အား အကြောင်းပြန်စေလိုသော ဆန္ဒရှိပါက Email ဖြင့် ဖော်ပြပါ
info@paramihospital.com သို့လိပ်မှု၍ပို့နိုင်ပါသည်။

ယခုလိုအကြုံပြုချက်အား လွန်စွာ ကျေးဇူးအထူးတင်အပ်ပါသည်။

လေးစားစွာဖြင့်
ဆေးရုံအုပ်ချုပ်ရေးအဖွဲ့

2. Inpatient Rooms

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးတွင် စုံလင်သော စက်ပစ္စည်းများဖြင့် ဖွဲ့စည်းထားသော အတွင်းလူနာခန်း အမျိုးအစား (၃) မျိုးရှိပါသည်။

  1. Superior
  2. Elegant
  3. Executive

ပုံမှန် လူနာများ ဧည့်ချိန်မှာ မနက် ၈း၀၀ မှ ည ၁၀း၀၀ အတွင်းသာ ဖြစ်ပါသည်။ တစ်ယောက်ခန်း
ရှိလူနာရှင်များ၏ ဧည့်ချိန်မှာ အချိန်မရွေးသွားနိုင်ပါသည်။

ဆေးရုံတွင်း ပိုးမွှားပြန့်မှုနည်းပါးစေရန်၊ လူနာရှင်အနေဖြင့် ၁-၂ ဦးအထိသာ လူနာစောင့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အခန်းများတွင်ပါဝင်မှုများ

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးရှိ တစ်ယောက်ခန်းတိုင်းတွင် အောက်ပါ အသုံးအဆောင်၊ ပစ္စည်း များပါဝင်ပါသည်။

  • Paramount တံဆိပ်
  • ကုတင်များ
  • ရေခဲသေတ္တာ
  • တယ်လီဗစ်ရှင်း
  • ဧည့်သည်ထိုင်ခုံ/ ဆိုဖာခုံ
  • အဲလ်ကွန်း
  • ရေချိုးခန်းအသုံးအဆောင်များ
  • ၃၀၀ ml ရေသန့်ဗူး (၂) ဗူး
  • Free WiFi

Email: info@paramihospital.com

မှတ်ချက်

  1. နေ့စဉ်အခန်းခများ၏ တွက်ချက်မှုသည် ဆေးရုံတက်သည့်အချိန်မှစတင်ပြီး၊ ၂၄ နာရီပြည့်သည်
    အထိအား (၁)ရက်စာအနေဖြင့်တွက်ချက်ပါသည်။
  2. ၂၄ နာရီအထက်ကျော်လွန်ပါသော အခြေအနေများတွင် နာရီပိုမှာ ၂ – ၆ နာရီအတွင်း ရှိပါက နေ့ တစ်ဝက်စာဖြင့်တွက်ချက်ပြီး၊ ၆ နာရီ ထက်ကျော်လွန်ပါက (၁) ရက်စာ အပြည့်ဖြင့် တွက်ချက်ပါသည်။
  3. နေ့စဉ်အခန်းခများကောက်ခံရာတွင် အခန်းခအပြင် ဆေးကုသမှုဝန်ဆောင်မှု နှင့် သန့်ရှင်းရေးဝန်ဆောင်မှုများ ပါဝင်ပြီးသားဖြစ်ပါသည်။
  4. လူနာခန်းများတွင် ထမင်း၊ ဟင်းချက်ခြင်းများ တားမြစ်ထားပါသည်။
  5. အခန်းခများသည် အချိန်ကာလ ပေါ်မူတည်၍အပြောင်းအလဲရှိနိုင်ပါသည်။
  6. အချို့သော လူနာခန်းများသည် လူနာ၏ရောဂါအခြေအနေပေါ်မူတည်၍ ထားရခြင်းများရှိနိုင်ပါ သည်။
  7. ဓာတ်ပုံပါအခန်းများသည် အနည်းငယ်အပြောင်းအလဲရှိနိုင်ပါသည်။

3. Patient Privilege

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးအနေဖြင့် လူနာများအတွက် သက်တောင့်သက်သာရှိစေရေး နှင့် ပုံမှန်ပြသသောလူနာများအတွက် အထူးအစီအစဉ်များ အောက်ပါအတိုင်းဆောင်ရွက်ထားပါ သည်။

4. Insurance We Accept

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးသည် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးအာမခံလုပ်ငန်းများနှင့် လက်တွဲဆောင်ရွက်လျက်ရှိနေပါသည်။ ထို့ကြောင့် မိမိတွင် ကျန်းမာရေး အာမခံကဒ်ပြားပါလာပါ က ဧည့်ကြို / လူနာစာရင်းသွင်းဌာနတွင် ဦးစွာ ပြသရပါမည်။ မိမိ၏ ကျန်းမာရေးအာမခံကုမ္ဗဏီအ ပြောင်းအလဲဖြစ်ပါက ဆေးရုံမှ တာဝန်ရှိသူအား ကြိုတင်အကြောင်းကြားထားရမည်ဖြစ်ပါသည်။

(က)။ မည်သည့်အာမခံများ လက်ခံပါသလဲ?

တိုက်ရိုက်ချိတ်ဆက်ထားသော ကျန်းမာရေးအာမခံ ကုမ္ဗဏီများ

(ခ)။ ကျန်းမာရေးအာမခံအပေါ်ဆေးရုံ၏ပေါ်လစီ

ဆေးရုံနှင့် မချိတ်ဆက်ထားသော ကျန်းမာရေးအာမခံများ

  1. ပြင်ပလူနာအနေဖြင့် ပြသမှုတွင် ကျသင့်ငွေအား လူနာမှ တိုက်ရိုက်ရှင်းရပါမည်။ လူနာမှ မိမိ၏ ကျန်းမာရေးအာမခံ သို့ ပြန်လည်တောင်းခံမှုအတွက် လိုအပ်သော စာရွက်စာတမ်းများပံ့ပိုးပေးပါ သည်။
  2. အတွင်းလူနာအဖြစ်ဆေးရုံတက်ရပါက လူနာအနေဖြင့် Deposit ကုန်ကျစရိတ်အား ဆေးရုံမတက်ခင် ခန့်မှန်းဖော်ပြထားသော ကုန်ကျစရိတ်အတိုင်း ကျခံရမည် ဖြစ်ပါသည်။
    ဆေးရုံနှင့် တိုက်ရိုက်ချိတ်ဆက်ထားသော ကုမ္ဗဏီဖြစ်ပါက အာမခံ စာရွက် Letter of Guarantee တောင်းခံမည်ဖြစ်ပါသည်။ လူနာမှ ဆေးရုံဆင်းသည်အထိ မိမိ၏ ကျန်းမာရေးအာမခံကုမ္ဗဏီမှ ထောက်ခံစာမရရှိပါက လူနာမှ ကုန်ကျစရိတ်အား ကျခံရပါမည်။ မိမိ၏ ကျန်းမာရေးအာမခံ မှ ပြန်လည်တောင်းခံရန်အတွက် လိုအပ်သော စာရွက်စာတမ်းများ ပံ့ပိုးပေးမည်ဖြစ်ပါသည်။
    အကယ်၍ ကျန်းမာရေးအာမခံကုမ္ဗဏီမှ လူနာ၏ ကုန်ကျစရိတ်အား ရှင်းလင်းပေးသွားပါက လူနာ
    မှ စိုက်ထားငွေ အား ရက်ပေါင်း (၃၀) အတွင်း ပြန်လည်ထုတ်ယူနိုင်ပါသည်။

ဆေးရုံနှင့် ချိတ်ဆက်ထားသော ကျန်းမာရေးအာမခံများ

  1. ပြင်ပလူနာအနေဖြင့် ပြသမှုတွင် ကျန်းမာရေးအာမခံမှ တာဝန်ယူရှင်းနိုင်ရန်အတွက် လူနာ၏ ကျန်းမာရေးအခွင့်အရေးနှင့် ခွင့်ပြုထားသော ပမာဏအားဆေးရုံမှ ကုမ္ဗဏီထံသို့ဆက်သွယ်ပြီး အာမခံစာရွက် Letter of Guarantee အားတောင်းခံပါမည်။
  2. ၄၈ နာရီအတွင်း အာမခံစာရွက် Letter of Guarantee မရရှိပါက လူနာအနေဖြင့် ကုန်ကစရိတ် Deposit အားအရင်ပေးသွင်းထားရပါမည်။
  3. လူနာဆေးရုံမှ ဆင်းသည်အထိ အာမခံစာရွက် Letter of Guarantee မရရှိပါက လူနာမှ မိမိ၏ ကုန်ကျစရိတ်အား ကျခံရမည်ဖြစ်ပါသည်။
  4. ကျန်းမာရေးအာမခံကုမ္ဗဏီမှ အာမခံစာရွက် Letter of Guarantee အား ဆေးရုံမတက်ခင် (သို့) ဆေးရုံဆင်းမည့်နေ့တွင် ရရှိပါ က လူနာမှ သွင်းထားသော Deposit အား ပြန်လည်ပေး မည်ဖြစ်ပါသည်။
  5. အာမခံတွင် မပါဝင်သော ဝန်ဆောင်မှုများ၊ အပိုကုန်ကျမှုများနှင့် ပူးတွဲပေးမှုများမှာ လူနာ၏ တာဝန်သာဖြစ်ပြီး၊ ကျခံရမည်ဖြစ်ပါသည်။

5. Payment Information

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးတွင် လူနာများအတွက် သက်တောင့်သက်သာ နှင့်အဆင် ပြေချောမွေ့စေရန် အစဉ်အမြဲ ဆောင်ရွက်လျက်ရှိပါသည်။

ပါရမီအထွေထွေရောဂါဆေးရုံကြီး၏ ဈေးနှုန်းပေါ်လစီ သည် ပွင့်လင်းမြင်သာပြီး၊ လူနာတစ်ဦးချင်း ဆီကုန်ကျစရိတ်အားသေချာတွက်ဆ ပေးနေပါသည်။ သို့သော် လူနာ တစ်ဦးချင်းဆီ၏ ရောဂါကု သမှု ပုံစံမတူခြင်းကြောင့် ကွာခြားမှုရှိနိုင်ပါသည်။ ဆေးရုံမှခန့်မှန်းတွက်ဆပေးသော ဈေးနှုန်းများ သည် ပါဝင်သော ကုသမှု၊ ဆေးဝါးနှင့် စစ်ဆေးမှုပေါ်မူတည်သဖြင့် ပုံသေတွက်ဆ၍မရနိုင်ကြောင်း အသိပေးအပ်ပါသည်။ အခြားခန့်မှန်းတွက်ချက်မှုတွင် မပါဝင်နိုင်သည့် ရုတ်တရက်ဖြစ်ပေါ်လာ သော ရောဂါလက္ခဏာ ပေါ်မူတည်၍ ကုသမှု ၊ အိမ်သို့ဆေးဝါးပေးမှုများနှင့်နောက်ဆက်တွဲ ပြသာနာများ အတွက် ရှိနိုင်သည့်အတွက် လူနာအနေဖြင့်ထပ်မံကုန်ကျနိုင်ကြောင်းသိရှိထားရန်လိုအပ်ပါသည်။

မိမိ၏စရိတ်ဖြင့် ပေးသော လူနာများအနေဖြင့် ကုသမှု (သို့) ခွဲစိတ်မှုမခံယူမှီ ဈေးနှုန်းကြီးနိုင် မှုအား လူနာနှင့် အရင်ဆုံး ဆွေးနွေးအကြောင်းကြားပါသည်။ ခွဲစိတ်မှု၊ CT နှင့် MRI ဆောင်ရွက်မှုများမ ပြုလုပ်ခင် Deposit အပြည့်ပေးသွင်းရန် လိုအပ်ပါသည်။ ပေး အပ်ထားသော Deposit မှာ ခွဲစိတ် မှုကုန်ကျစရိတ်ထက် ပိုနေပါ က ပြန်လည် အမ်းပေးပါသည်။ အကယ်၍ အကြောင်းမျိုးစုံကြောင့် ခွဲစိတ်မှု မပြုလုပ်တော့ခြင်းဖြစ်ပါက ပေးအပ်ထားသော Deposit အားပြန်လည်အမ်းပေးပါသည်။

ပြန်လည်အမ်းငွေအား ပေးရာတွင် ယခင် ပေးချေခဲ့စဉ် ငွေသား (သို့) ဘဏ်မှ လွှဲခဲ့သည်ဖြစ်ပါက ထိုနည်းလမ်းအတိုင်းပြန်လည်ဆောင်ရွက်ပါမည်။ ဘဏ်မှ ငွေပေးချေမှုဖြစ်ပါက မြန်မာနိုင်ငံပုဂ္ဂလိ က ဘဏ်များဥပဒေအတိုင်း ဆောင်ရွက်မည်ဖြစ်သဖြင့် ဘဏ်၏ဝန်ဆောင်ခများပါ ပါဝင်မည်ဖြစ် ကြောင်း သိရှိနားလည်ရပါမည်။

အောက်ပါငွေပေးချေမှု စနစ်အတိုင်းဆောင်ရွက်မည်ဖြစ်ပါသည်။

(က)။ ငွေပေးချေနိုင်သည့်နည်းလမ်း

ဆေးရုံအနေဖြင့် ငွေသား ၊ အကြွေးဝယ်ကဒ်များဖြစ်သည့် Credit Card, Debit Card ၊ Kpay, CBpay, Wavemoney နှင့် ဘဏ်မှ ငွေလွှဲခြင်းများလည်းလက်ခံပါသည်။ Cheque စာရွက်ဖြင့် ငွေလက်ခံခြင်းမပြုပါ။

(ခ)။ သတိပြုရန်

  1. ငွေပေးချေရာတွင် ဆေးရုံ၏ ငွေရှင်းကောင်တာ တွင်သာ လာရောက်ပေးချေရပါမည်။ ဆေးရုံ၏ အခြားမည်သည့်ဝန်ထမ်းများမှ လူနာ၏ကိုယ်စားငွေပေးချေရန် ပြဌာန်းထားခြင်းမရှိပါ။ ထိုမှဖြစ် ပေါ်လာသော ပြသနာ တစ်စုံတစ်ရာ အား ဆေးရုံမှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။
  2. ရံဖန်ရံခါ ဘဏ်များမှ ငွေလွှဲခြင်းဖြင့် ငွေပေးချေမှုဖြစ်လာပါက ရက်အနည်းငယ်စောင့်ရခြင်းများ ရှိနိုင်သဖြင့် မိမိအနေဖြင့် ဘဏ်အားကြိုတင်စုံစမ်းထားရန်လိုအပ်ပါမည်။
  3. ဘဏ်မှငွေလွှဲခြင်းကြောင့် ပေါ်ပေါက်လာမည့် ဘဏ်၏ဝန်ဆောင်မှုကုန်ကျစရိတ် နှင့် ငွေလှဲလှယ်မှု အားလူနာဘက်မှကျခံရမည်ဖြစ်ပါသည်။
  4. ငွေလွှဲခြင်းမှာ မိမိ၏ဆေးကုသစရိတ်အတွက်သာ ဖြစ်ပြီး၊ အခြားမိမိ၏ ပုဂ္ဂိုလ်ရေးရာအတွက် အပိုဆောင်းလွှဲခြင်းများ လက်မခံပါ။
  5. ဆေးရုံတွင် အတွင်းလူနာအဖြစ်တက်ရောက်စဉ် မိမိ၏ ကုန်ကျစရိတ်အား နေ့စဉ်အသိပေးမည် ဖြစ်ပြီး၊ လိုအပ်လာပါက Deposit ထပ်မံသွင်းရလေ့ရှိနိုင်ပါသည်။
  6. လူနာမှ မည်သည့်ဆေး၊ ပစ္စည်းအမျိုးအစားများသုံးသည်အား သိရှိရန် တောင်းဆိုပါက ရှင်းပြ ပေးပါမည်။
  7. လူနာ၏ရောဂါအခြေအနေနှင့် အထူးကုဆရာဝန်များ၏ကုသမှုပုံစံပေါ်မူတည်၍ ကုန်ကျစရိတ်ပို လာနိုင်ပါသည်။ မိမိတွင် ကျန်းမာရေးအာမခံ မရှိပါက မိမိ၏တာဝန်သာဖြစ်ပါသည်။
  8. လူနာဆေးရုံမှဆင်းသည့်နေ့တွင် ကုန်ကျစရိတ်များ အပြီးပေးချေရပါမည်။

(ဂ)။ ပြန်အမ်းငွေဆိုင်ရာ ပေါ်လစီ

  1. မိမိ၏ ဆေးကုသစရိတ်မှာ မိမိတင်ထားခဲ့သော Deposit ထက်နည်းပါက ငွေရှင်းကောင်တာသို့ ဆက်သွယ်ပြီး ပိုငွေအား မိမိ၏ကုသမှုအားလုံးပြီးစီးမှ ပြန်လည်ထုတ်ယူနိုင်ပါသည်။
  2. ခွဲစိတ်ကုသမှု / Procedure များ မပြုလုပ်ဖြစ်ပါက မိမိ၏တင်ထားခဲ့သော Deposit အားပြန် လည်ထုတ်ယူနိုင်ပါသည်။
  3. ကျန်းမာရေးအာမခံမရှိ၍ မိမိမှ Deposit တင်ထားခဲ့သော်လည်း၊ ဆေးရုံဆင်းသွားပြီးချိန်တွင် မိမိကိုယ် စား ကျန်းမာရေးအာမခံရရှိသွား၍ ကုန်ကျစရိတ်ကျခံခဲ့ပါက ရက်ပေါင်း (၃၀)အတွင်း ပြန်လည်ထုတ်ယူနိုင်ပါသည်။ သို့သော် ပြန်လည်ထုတ်ယူသော ပမာဏ မှာ မိမိအား အာမခံထား သော ပမာဏအတိုင်းတာ ထုတ်ယူခွင့်ရှိပါသည်။
  4. ကျန်းမာရေးအာမခံကုမ္ဗဏီမှ အာမခံစာရွက် Letter of Guarantee အားလူနာမှဆေးရုံဆင်း သွားပြီးချိန်မှ ရရှိခဲ့ပါက၊ မိမိ ပေးချေခဲ့သော ငွေပမာဏ အား ထုတ်ယူနိုင်ရန် ဆေးရုံမှ ဆက်သွယ်ပေးပါမည်။ လူနာအနေဖြင့် ငွေရှင်းကောင်တာသို့ဆက်သွယ်၍ ထုတ်ယူနိုင်ပါသည်။ ထုတ်ယူသောပမာဏမှာ အာမခံစာရွက်ပါ အတိုင်း ပမာဏ သာဖြစ်ပါမည်။
  5. မိမိပေးချေခဲ့စဉ်က အသုံးပြုခဲ့သော ငွေသား၊ ၊ အကြွေးဝယ်ကဒ်များဖြစ်သည့် Credit Card, Debit Card ၊ Kpay, CBpay, Wavemoney နှင့် ဘဏ်မှ ငွေလွှဲခြင်းများအားလုံးကို သတ်မှတ်ချက်ဖြင့် ငွေသား (သို့) ဘဏ်မှ ဖြင့် ပြန်လည်ထုတ်ယူနိုင်ပါသည်။
  6. မိမိ၏ မူရင်းဘောက်ချာ အား တစ်ပါတည်း ယူဆောင်လာခဲ့ရပါမည်။
  7. ပြန်အမ်းငွေအား လူနာရှင်သို့တိုက်ရိုက် ပေးဆောင်ပါသည်။ သို့သော် လူနာရှင်၏ ကိုယ်စား လှယ် အနေဖြင့် ဆွေမျိုး၊ မိတ်ဆွေ နှင့် သူုငယ်ချင်းမှ လာရောက်ထုတ်ယူပါက အထောက်အထား အနေဖြင့် ကိုယ်စားလှယ်လွှဲစာ၊ လူနာ၏မှတ်ပုံတင်မိတ္တူ နှင့် ကိုယ်စားလှယ်၏ မှတ်ပုံတင်မိတ္တူ ပါဝင်မှ သာ ပြန်လည်ထုတ်ယူခွင့်ပြုပါသည်။

( ဃ)။ ပြန်အမ်းငွေ မရရှိနိုင်သော ပေါ်လစီ

  1. ဆေးဝါးကုသမှု များ နှင့် ခွဲစိတ်မှု များမပြုလုပ်မှီ အသုံးပြုခဲ့သော ဆေးဝါးများအတွက် ပြန် အမ်းငွေပေးခြင်းမသက်ဆိုင်ပါ။ အချို့ဆေးများမှာ နိုင်ငံခြားမှ မှာယူပြီးသော ဆေးများ (ဥပမာ – ကင်ဆာဆေးများ) အတွက် ပြန်လည်အမ်း၍ မရရှိနိုင်ပါ။ ထိုကြောင့် အသုံးမပြုခင် လူနာအား ဦးစွာရှင်းပြမည်ဖြစ်ပါသည်။
  2. ဆေးရုံတွင်ကုသမှုခံယူနေစဉ် လူနာမှ ဆက်လက်ကုသလိုစိတ်မရှိတော့ပဲ ရပ်လိုက်ပါက၊ ကုန် ကျခဲ့သော ဆေးကုသမှုစရိတ်များအားလုံး လူနာမှ ကျခံရမည်ဖြစ်ပါသည်။
  3. ဆေးဝါးနှင့် ဆေးပစ္စည်းများအား ပြန်လည်အမ်း၍မရရှိနိုင်ပါ။
  4. Online မှဝယ်ယူထားသော မည်သည့်ဆေးဝါး နှင့် ဆေးပစ္စည်းများ အား ပြန်လည်အမ်း၍ မရရှိ နိုင်ပါ။

6. Telemedicine with Myancare

ပါရမီအထွေထွေရောဂါကုဆေးရုံကြီးသည် Myancare အွန်လိုင်း ကျန်းမာရေးစောင့်ရှောက်မှုအား ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။ Myancare သည် ၂၀၁၈ ခုနှစ်မှစတင်ပြီး၊ မြန်မာနိုင်ငံ၏ ပထမဆုံး အွန်လိုင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အဖြစ် အောင်မြင်စွာရပ်တည်လျက်ရှိပါ သည်။

Myancare သည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကျန်းမာရေးစောင့်ရှောက်မှုအား သက်သာသောဈေးနှုန်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ကျေးလတ်ဒေသ နှင့် မြို့ငယ်မည် သည့်နေရာမှမဆို Myancare အွန်လိုင်းကျန်းမာရေးဝန်ဆောင်မှု ယူခြင်းဖြင့် အရည်အသွေးပြည့် ဆေးရုံ၊ဆေးခန်းမှ ဝန်ဆောင်မှုပေးသကဲ့သို့ ရရှိနိုင်မှာဖြစ်ပါသည်။

အွန်လိုင်းမှ ဆရာဝန်နှင့်ပြသခြင်းအား စာရိုက်ပို့ခြင်း၊ အသံဖြင့်စကားပြောနိုင်သည့်အပြင်၊ ဗီဒီယို စကားပြောဖြင့် ၂၄ နာရီ ပြသနိုင်ပါသည်။ ထို့အပြင် ရင်သွေး call center အား ၂၀၁၇ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး၊ မိခင်နှင့်ကလေးများအတွက် ကျန်းမာရေးဝန်ဆောင်မှုများအား ပါရမီအ ထွေထွေရောဂါကုဆေးရုံကြီးတွင် တည်ရှိကာ၊ ကလေးငယ်ပေါင်း ၇၀၀၀၀ ကျော်နှင့် ကိုယ်ဝန် ဆောင်မိခင်ပေါင်း ၁၀၀၀ ကျော်အား ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိပါသည်။ လူနာ၏ အရေးပေါ် ကျန်းမာရေး စာရွက်စာတမ်းများထိန်းသိမ်းထားခြင်းကြောင့်မှန်ကန်တိကျပြီး၊ စိတ်ကျ ရသော ကုသမှုများအမြဲပေးနေပါသည်။